မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်ပပြုလုပ်မှုသတင်း

28 Pic 02
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည (၂၇-၁၂-၂၀၁၇)ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းအုပ်စု၊ ကုန်ဘွေကျေးရွာ၌ မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကိုပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကြက်ခြေနီ အဖွဲ့ ဝင်များနှင့် ကုန်ဘွေကျေးရွာမှ ရွာသူရွာသားများ စုစုပေါင်း (၁၀၆) ဦးခန့်ပါဝင်ခဲ့ကြပါသည်။ ထို့နောက် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားခဲ့ပြီး ထမင်းကျွေးမွေးခြင်း၊ ရေသန့်ဗူးဝေငှခြင်း၊ အချိုရေဗူးများ၊ ပေါင်မုန့်များ၊ ခေါက်ဆွဲခြောက်များနှင့် သဘာဝဘေးနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခဲ့ပါသည်။ မုန်တိုင်းဒဏ်သင့်ခံရလေ့ရှိသောဒေသ များတွင် ဘေးန္တရာယ်ကျရောက်လာပါက ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်ရန် အသင့်ဖြစ်မည်ဖြစ်ပြီး ပြည်သူများ၏ အသက်စည်းစိမ်အိုးအိမ်များ ထိခိုက်မှုသက်သာစေမည်ဖြစ်ပါသဖြင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events