ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၂-၂၀၁၇) ရက်နေ့ (၁၇:၀၀) နာရီအချိန်တွင် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မန်ခေါက်ကျေးရွာ အုပ်စု၊ အာပြောင်ကျေးရွာအနီးတစ်ဝိုက်တွင် တပ်မတော်စစ်ကြောင်းနှင့် လက်နက်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခဲ့ သောကြောင့် အမှတ် (၈) ရပ်ကွက်၊ သန္တိသုခဓမ္မာရုံသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၁) စုမှ ကျား (၂၄) ဦး၊ မ (၂၆) ဦး စုစုပေါင်း (၅၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၁) အိမ်ထောင်စာအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ (၂၈-၁၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)