Category Archives: News
-
ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ဘိသလွန်ကျေးရွာအုပ်စု ဝါးရုံစုကျေးရွာ ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ဘိသလွန်ကျေးရွာအုပ်စု ဝါးရုံစုကျေးရွာ၌ (၁-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၃)စု လူဦးရေ (၁၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး – (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၂၃၁၀၀)ကျပ် စုစုပေါင်း ကယ်ဆယ်ရေးထောက်ပ့ံရန်ပုံငွေ (၃၂၃၁၀၀) ကျပ်တိတိကို (၃-၁-၂၀၁၈) ရက်နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကယ်ဆယ်ရေး) မှ တာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပ့ံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာအုပ်စု၊ အလယ်စုကျေးရွာ ကမ်းပြိုဘေးနှင့် မီးဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာအုပ်စု၊ အလယ်စုကျေးရွာ၌ (၂၆-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၂)စု လူဦးရေ(၁၄) ဦးနှင့် (၃၁-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁)စု လူဦးရေ(၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး – (၂) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး – (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး(၃၁၅၀၀)ကျပ် … Read more
-
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ မြစ်ဆယ်ကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ မြစ်ဆယ်ကျေးရွာအုပ်စု၌ (၂-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ဖျက်သိမ်းခဲ့ရသည့် နေအိမ် (၃)အိမ်၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ(၁၀)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၃)အိမ်ထောင်စာ ဆန်ရိက္ခာ(၇)ရက်စာ (၂၁၀၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀ိ/-)၊ စုစုပေါင်း ရန်ပုံငွေ(၃၂၁၀၀၀ိ/-) အား (၃-၁-၂၀၁၈) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စုတစ်စုအတွက် ထောက်ပံ့မှုသတင်း
====================================================Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ——— ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၌ (၃၀-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ပျက်စီးခဲ့သည့် နေအိမ် (၂)ထပ် ဘော်ဒါဆောင် (၃၀x၂၅x၄၀)ပေ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း) (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ(၁)ဦးအတွက် Family Kits (၂၆)မျိုးပါ (၁)ပုံး၊ ပလပ်စတစ်ပုံး (၁)ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာ (၂၁၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-)၊ စုစုပေါင်း ရန်ပုံငွေ(၂၀၂၁၀၀ိ/-) အား (၃-၁-၂၀၁၈) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် … Read more
-
(၂.၁.၂၀၁၇)ရက်နေ့ ညနေပိုင်းတွင် ထပ်မံရောက်ရှိလာသော ကျောက်မဲခရိုင်၊ အာပြောင်ကျေးရွာနှင့် နမ့်ဆန်မြို့နယ်ကျောက်ဖြူလေးကျေးရွာမှ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ပြီးစီးမှု
(၂.၁.၂၀၁၇)ရက်နေ့ ညနေပိုင်းတွင် ထပ်မံရောက်ရှိလာသော ကျောက်မဲခရိုင်၊ အာပြောင်ကျေးရွာနှင့် နမ့်ဆန်မြို့နယ်ကျောက်ဖြူလေးကျေးရွာမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၂၁)စုမှ လူဦးရေ (၁၁၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု(၂၁)စုစာနှင့် လူဦးရေ (၁၁၂)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာအတွက် ငွေ (၂၃၅,၂၀၀/-)ကျပ် အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၃.၁.၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
အာပြောင်ကျေးရွာနှင့် ကျောက်ဖြူလေးကျေးရွာတို့မှ တိမ်းရှောင်ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ပြီးစီးမှု
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ အာပြောင်ကျေးရွာနှင့် နမ့်ဆန်မြို့နယ်၊ ကျောက်ဖြူလေးကျေးရွာတို့မှ တိမ်းရှောင်ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ (၈၅၁)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာအဖြစ် ထောက်ပံ့ငွေ (၁,၇၈၇,၁၀၀/-)ကျပ်အား (၂.၁.၂၀၁၈)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကမ်းပြိုဘေး ထောက်ပံ့ပြီးစီးမှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်တွင် (၃၀-၁၂-၂၀၁၇) ၊ (၃၁-၁၂-၂၀၁၇) နှင့် (၁-၁-၂၀၁၈)ရက်နေ့တို့၌ ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ရေထဲမျောပါပျက်စီးခဲ့သည့် နေအိမ် ၁၁ လုံး၊ ကြိုတင်ရွှေ့ပြောင်းခဲ့သည့် နေအိမ် (၁၅)လုံး စုစုပေါင်း နေအိမ် ၂၆ လုံး အိမ်ထောင်စု ၂၆ စု ဘေးသင့်ခဲ့ရာ မျောပါပျက်စီးခဲ့သည့် နေအိမ် (၁၁)လုံး အိမ်ထောင်စု (၁၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ ကြိုတင်ရွှေ့ပြောင်းခဲ့သည့် နေအိမ် (၁၅)လုံး အိမ်ထောင်စု (၁၅)စုအတွက် ကယ်ဆယ်ရေးပစ္စည်း … Read more
-
UEHRD ပြည်ထောင်စုစီမံကိန်းအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား စိစစ်လက်ခံ နေရာချထားရေးကွင်းဆင်းကြည့်ရှု
၂-၁-၂၀၁၈ ၊စစ်တွေ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရောက်ရှိနေသောလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ ဒုတိယဝန်ကြီးဦးစိုးအောင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သောဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသွားခဲ့သူများကို စိစစ်လက်ခံပြီး ပြန်လည်နေရာချထားပေးမည့် လျာထားမြေနေရာများဖြစ်သော မြို့မိချောင်း၊ ကျွန်းပေါက်ပြုစု၊ လင်္ဘာဂုံးနားနှင့် ပွင့်ဖြူချောင်းကျေးရွာများကိုကွင်းဆင်းကြည့်ရှုခဲ့ကြပါသည်။ ပြန်လည်ဝင်ရောက်လာသူများ အတွက် မူလနေထိုင်ရာနေရာ(သို့မဟုတ်) အနီးစပ်ဆုံးနေရာများတွင် စနစ်တကျစုစည်း၍ မူလအလုပ်အကိုင် (သို့မဟုတ်) ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကြောင်းလုပ်ငန်းများလုပ်ကိုင်နိုင်မည့်အခြေအနေများ ဖန်တီးပေးနိုင်ရန် စီစဉ်ဆောင်ရွက်ရေးညှိနှိုင်းပေးခဲ့ကြပါသည်။ မွန်းလွဲပိုင်းတွင် … Read more
-
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မန်ခေါက်ကျေးရွာအုပ်စု၊ အာပြောင်ကျေးရွာနှင့် နမ့်ဆန်မြို့နယ် ကျောက်ဖြူလေးကျေးရွာမှ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပြီးစီးမှုသတင်း
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မန်ခေါက်ကျေးရွာအုပ်စု၊ အာပြောင်ကျေးရွာအနီးတဝိုက်တွင် တပ်မတော်စစ်ကြောင်းနှင့် TNLAလက်နက်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခြင်းကြောင့် (၁-၁-၂၀၁၈)ရက်နေ့ (၁၇:၃၀) နာရီအချိန်တွင် ထပ်မံရောက်ရှိလာသော အာပြောင်ကျေးရွာနှင့် နမ့်ဆန်မြို့နယ် ကျောက်ဖြူလေးကျေးရွာမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၇)စုမှ ကျား(၅၆)ဦး၊ မ(၇၂)ဦး၊ စုစုပေါင်း (၁၂၈)ဦးတို့အား အမှတ် (၈)ရပ်ကွက်ရှိ သန္တိသုခဓမ္မာရုံ ဝါဆိုကျောင်း မိုင်းငေါ့မြို့ နှင့် အောင်မင်္ဂလာတို့တွင် ကယ်ဆယ်ရေးစခန်း (၄)ခု ဖွင့်လှစ်ခဲ့ပြီး (၁-၁-၂၀၁၈)ရက်နေ့ (၁၉:ဝဝ)နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး … Read more
-
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များမှ IDP စခန်းကိစ္စရပ်များနှင့် လွတ်လပ်စွာသွားလာခွင့်ဆိုင်ရာညှိနှိုင်း ဆောင်ရွက်ရေးဆွေးနွေး
၂-၁-၂၀၁၈ ၊စစ်တွေ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးဆိုင်ရာကော်မတီ၏ ရခိုင် ပြည်နယ်ဆိုင်ရာအကြံပြုချက်များမှ IDP စခန်းကိစ္စရပ်များနှင့် လွတ်လပ်စွာသွားလာခွင့်ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးအစည်းအဝေးကို (၁.၁.၂၀၁၈) မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဧည့်ဂေဟာအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင် အထည်ဖော်ရေးဆိုင်ရာကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ပူးတွဲဥက္ကဌရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦညီပုတို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ” ရခိုင်ပြည်နယ်တွင် ၂၀၁၂ခုနှစ် က တည်ရှိခဲ့သော IDP စခန်းများသည် ဘေးဖြစ်စဉ်များကြောင့် ခေတ္တနေထိုင်ရာစခန်းများသာ … Read more









