UEHRD ပြည်ထောင်စုစီမံကိန်းအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား စိစစ်လက်ခံ နေရာချထားရေးကွင်းဆင်းကြည့်ရှု

3 Pic 02

၂-၁-၂၀၁၈ ၊စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရောက်ရှိနေသောလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ ဒုတိယဝန်ကြီးဦးစိုးအောင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သောဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသွားခဲ့သူများကို စိစစ်လက်ခံပြီး ပြန်လည်နေရာချထားပေးမည့် လျာထားမြေနေရာများဖြစ်သော မြို့မိချောင်း၊ ကျွန်းပေါက်ပြုစု၊ လင်္ဘာဂုံးနားနှင့် ပွင့်ဖြူချောင်းကျေးရွာများကိုကွင်းဆင်းကြည့်ရှုခဲ့ကြပါသည်။ ပြန်လည်ဝင်ရောက်လာသူများ အတွက် မူလနေထိုင်ရာနေရာ(သို့မဟုတ်) အနီးစပ်ဆုံးနေရာများတွင် စနစ်တကျစုစည်း၍ မူလအလုပ်အကိုင် (သို့မဟုတ်) ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကြောင်းလုပ်ငန်းများလုပ်ကိုင်နိုင်မည့်အခြေအနေများ ဖန်တီးပေးနိုင်ရန် စီစဉ်ဆောင်ရွက်ရေးညှိနှိုင်းပေးခဲ့ကြပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောက်ဦးခရိုင်၊ မြေပုံမြို့ရှိတောင်ပေါ် IDP စခန်းသို့ရောက်ရှိကြပြီး IDP စခန်းတွင် ခေတ္တနေထိုင်သူများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ယာယီ နေထိုင်ရန် ဆောက်လုပ်ထားသောစခန်းများတွင် သက်တမ်းကြာရှည်စွာနေထိုင်ခြင်းဖြင့် ပညာရေး၊ ကျန်းမာ ရေးနှင့် လူမှုရေးကိစ္စများတွင် အခက်အခဲများကြုံတွေ့နေကြသဖြင့် ပိုမိုကောင်းမွန်သော အခြေအနေတစ်ရပ် ဖြစ်စေရန်အတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးကြရန်၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြု စိစစ်ခံမည့်သူ၏လက်မှတ် (NVCard) များကို ပြုလုပ်ကိုင်ဆောင်ခြင်းဖြင့် (NV Card) ၏ အခွင့်အရေးများကို ရရှိကြမည်ဖြစ်ပြီး နေထိုင်သွားလာမှုများ ပိုမိုအဆင်ပြေလာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များကိုလက်တွေ့ဖြေရှင်းဖြည့်ဆည်းပေးနိုင်ရန် ဌာနဆိုင်ရာများနှင့်လည်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးလက်ရှိစခန်းကိုဖျက်သိမ်းပြီး ပြန်လည်နေရာချထားရေးကိုစနစ်တကျဆောင်ရွက်   ရန် ညှိနှိုင်းခဲ့ကြောင်းသတင်းရရှိပါသည်။

 

Sign Up

Upcoming Events