Category Archives: News
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးဌာနမှ တာဝန်ရှိသူများသည် (၃-၁-၂၀၁၈) ရက်နေ့၌ ဟင်္သာတမြို့နယ်၊ ခြင်ဘို့်ကျေးရွာအုပ်စု ကျောက်ရဲကျေးရွာတွင် ဖြစ်ပွား ခဲ့သော ကမ်းပြိုဘေးသင့်အိမ်ထောင်စု (၁၀)စု လူဦးရေ (၄၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁၀) အိမ်ထောင်စာ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး(၉၆၆၀၀/-)ကျပ် စုစုပေါင်း ရန်ပုံငွေ (၁၀၉၆၆၀၀/-)ကျပ် တိတိအား (၈-၁-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁-၂၀၁၈) ရက်နေ့တွင် ထီးချိုင့်မြို့နယ်၊ ရေဝကျေးရွာမှ ပြည်သူထူထု (၁၂၀) ဦးခန့်အားလည်းကောင်း၊ ဆင်ကျွန်းကျေးရွာ အ.လ.က (ခွဲ) မှ ကျောင်းသား/ကျောင်းသူ (၂၇၃) ဦးတို့အား လည်းကောင်း သဘာဝ ဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ သုံးခွကျေးရွာအုပ်စု၊ အမှတ် (၂) ရပ်ကွက်တွင် (၈-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် (၁) အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး (၁) အိမ်ထောင်စာ၊ Family Kits (၁) ပုံး၊ အိမ်ဆောက်ပစ္စည်ဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀) ကျပ်တို့အား (၁၀-၁-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၀-၁-၂၀၁၈) ရက်နေ့တွင် မုံရွာမြို့နယ်၊ မုံရွေးကြေးမုံကျေးရွာ အ.ထ.က ကျောင်း၌ ဆရာ/ ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၅၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
စမတောင် ပရဟိတဂေဟာသို့ ရွှွေပါရမီပဲနို့အာဟာရဖောင်ဒေးရှင်းမှ ပဲနို့စက်နှင့် ဆက်စပ်ပစ္စည်းများလှူဒါန်းပွဲအခမ်းအနား
၁၀-၁-၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု လယ်ဝေးမြို့နယ်၊ စမတောင်ပရဟိတဂေဟာသို့ ရွှေပါရမီပဲနို့အာဟာရဖောင်ဒေးရှင်းမှ ပဲနို့စက်နှင့် ဆက်စပ်ပစ္စည်းများလှူဒါန်းပွဲအခမ်းအနားကို (၁၀.၁.၂၀၁၈)ရက် နေ့ နံနက် (ဝ၈:ဝဝ) နာရီတွင် စမတောင်ပရဟိတဂေဟာ၌ ကျင်းပခဲ့သည်။ ရှေးဦးစွာမွေးကင်းစကလေးငယ်များစွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ရွှေပါရမီပဲနို့အာဟာရဖောင်ဒေးရှင်းမှ အတွင်းရေးမှူးဦးမောင်အေးက ပဲနို့လှူဒါန်းရခြင်းအကြောင်းအရင်းနှင့် ပဲနို့တိုက်ကျွေးရခြင်း၏ အကျိုး ကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်စမတောင်ပရဟိတဂေဟာမှ တာဝန်ရှိသူ/ဂေဟာမှူးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ပါသည်။ မွေးကင်းစကလေးငယ်များစွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးအဖွဲ့ဝင် ပါမောက္ခဒေါက်တာမြသီတာမှ မွေးကင်းစကလေးငယ်များ စွန့်ပစ်ခြင်းမှ … Read more
-
တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁-၂၀၁၈) ရက်နေ့တွင် ကျောက်မဲမြို့နယ် အောင်မြေသာယာ ဘုန်းကြီးကျောင်းသို့ နမ့်ဆန်မြို့နယ်၊ ကြက်သေကျေးရွာမှ ထပ်မံ၍ တိမ်းရှောင်လာသော တိုက်ပွဲရှောင် အိမ်ထောင်စု (၃၅) စုမှ လူဦးရေ (၁၃၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၃၅) အိမ်ထောင်စာအား (၄-၁-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၇-၁-၂၀၁၈) ရက်နေ့တွင် ကျောက်မဲမြို့နယ် အောင်မြေသာယာကျောင်းတွင် ထပ်မံရောက်ရှိလာသော အိမ်ထောင်စု (၂) စု၊ လူဦးရေ (၄) ဦးနှင့် ဝါဆိုကျောင်းတွင် ရောက်ရှိလာသော အိမ်ထောင်စု (၃) စု၊ လူဦးရေ (၆) ဦး၊ မိုင်းငေါ့ဘုန်းကြီးကျောင်းတွင် ရောက်ရှိလာသော အိမ်ထောင်စု (၉) စု၊ လူဦးရေ (၂၉) ဦးအတွက် စုစုပေါင်း အိမ်ထောင်စု (၁၄) စုနှင့် စုစုပေါင်း လူဦးရေ (၃၉) ဦးတို့အတွက် … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁-၂၀၁၈) ရက်နေ့တွင် ငှက်ကြီးကျွန်းကျေးရွာ မူလွန်ကျောင်းမှ အောင်စည်ပြင်ကျေးရွာသို့ ပြန်လာသော ကူးတိုးစက်လှေနစ်မြုပ်မှုကြောင့် စက်လှေမောင်း (၁) ဦးနှင့် ကျောင်းသူ (၂) ဦး သေဆုံးခဲ့ပါသည်။ အဆိုပါ သေဆုံး (၃) ဦးအတွက် (၁) ဦးလျှင် (၃၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၉၀၀,၀၀၀) ကျပ်တို့အား (၁၀-၁-၂၀၁၈) ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးတို့နှင့်အတူ ရခိုင်ပြည်နယ် ဦးစီးမှူးရုံး တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁-၂၀၁၈)ရက်နေ့၌ ဆိပ်ဖြူမြို့၊အလယ်ပိုင်းရပ်ကွက်၊ မာလာမြိုင်ရပ်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀ိ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး (၆,၃၀၀ိ/-)ကျပ်၊ စုစုပေါင်း (၁၀၆,၃၀၀ိ/-)ကျပ်တို့အား (၁၀-၁-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များကို UEHRD စီမံကိန်း၏ ရည်ရွယ်ချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Centre for Humanitarian Dialogue (CHD) အဖွဲ့က လာရောက်တွေ့ဆုံဆွေးနွေးမှုသတင်း
================================================= ၉-၁-၂၀၁၈၊ နေပြည်တော် ————————– လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား (၉-၁-၂၀၁၈) ရက်နေ့၊ မွန်းလွဲပိုင်းတွင် Centre for Humanitarian Dialogue (CHD) မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Adam Cooper က အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် Mr. Adam Cooper က ရခိုင်ပြည်နယ်ရှိ အခြေအနေမှန်ကို သိမြင်နားလည်ပြီး နိုင်ငံတော်အစိုးရက UEHRD ပြည်ထောင်စုစီမံကိန်းဖြင့် ပြန်လည်လက်ခံရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး၊ … Read more









