
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁-၂၀၁၈) ရက်နေ့တွင် ထီးချိုင့်မြို့နယ်၊ ရေဝကျေးရွာမှ ပြည်သူထူထု (၁၂၀) ဦးခန့်အားလည်းကောင်း၊ ဆင်ကျွန်းကျေးရွာ အ.လ.က (ခွဲ) မှ ကျောင်းသား/ကျောင်းသူ (၂၇၃) ဦးတို့အား လည်းကောင်း သဘာဝ ဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကသာခရိုင်ဦးစီးမှူးရုံး(ကဆရ)