ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁-၂၀၁၈) ရက်နေ့တွင် ငှက်ကြီးကျွန်းကျေးရွာ မူလွန်ကျောင်းမှ အောင်စည်ပြင်ကျေးရွာသို့ ပြန်လာသော ကူးတိုးစက်လှေနစ်မြုပ်မှုကြောင့် စက်လှေမောင်း (၁) ဦးနှင့် ကျောင်းသူ (၂) ဦး သေဆုံးခဲ့ပါသည်။ အဆိုပါ သေဆုံး (၃) ဦးအတွက် (၁) ဦးလျှင် (၃၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၉၀၀,၀၀၀) ကျပ်တို့အား (၁၀-၁-၂၀၁၈) ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးတို့နှင့်အတူ ရခိုင်ပြည်နယ် ဦးစီးမှူးရုံး တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)