ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၇-၁-၂၀၁၈) ရက်နေ့တွင် ကျောက်မဲမြို့နယ် အောင်မြေသာယာကျောင်းတွင် ထပ်မံရောက်ရှိလာသော အိမ်ထောင်စု (၂) စု၊ လူဦးရေ (၄) ဦးနှင့် ဝါဆိုကျောင်းတွင် ရောက်ရှိလာသော အိမ်ထောင်စု (၃) စု၊ လူဦးရေ (၆) ဦး၊ မိုင်းငေါ့ဘုန်းကြီးကျောင်းတွင် ရောက်ရှိလာသော အိမ်ထောင်စု (၉) စု၊ လူဦးရေ (၂၉) ဦးအတွက် စုစုပေါင်း အိမ်ထောင်စု (၁၄) စုနှင့် စုစုပေါင်း လူဦးရေ (၃၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိး သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိလူဦးရေနှင့် ထပ်တိုးရောက်ရှိလူဦးရေ ၃၉ ဦးအပါဝင် လူဦးရေစုစုပေါင်း (၁၄၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၇) ရက်စာ (၃၀၈,၇၀၀) ကျပ်တို့အား (၈-၁-၂၀၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)