Category Archives: News
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁-၂၀၁၈)ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ ကြက်ခတ်ကုန်းကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် ဓနိမိုး၊ ထရံကာ၊ ဝါးအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၃)ဦးအတွက် Family Kits (၂၆)မျိုးပါ (၂)ပုံး၊ ပလပ်စတစ်ပုံး(၂)ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာ (၂၇၃၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၂၀၀၀၀၀ိ/-)၊ စုစုပေါင်း ရန်ပုံငွေ (၂၂၇၃၀၀ိ/-)အား (၁၀-၁-၂၀၁၈)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး)နှင့် တာဝန်ရှိသူများမှ မီးဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
မြေငလျင်နှင့် မီးဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင်းမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များနှင့် ACF အဖွဲ့အစည်းတို့ပူးပေါင်း၍ (၁၂-၁-၂၀၁၈) ရက်နေ့တွင် စစ်တွေမြို့၊ ဆတ်ရိုးကျ (ခ) ဆတ်ရိုး ကျရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၌ မြေငလျင်နှင့် မီးဘေးသဏ္ဍာန်တူဇာတ် တိုက်လေ့ကျင်းခန်းပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်းနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၂၃၀) ဦးဖြင့် ဇာတ်တိုက်လေ့ကျင့်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိဘဲ ထိခိုက်ပျက်စီးဆုံးရှုံးမှုကြီးမားသည့် ဘေးအန္တရာယ်ဖြစ်သော ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်း
၁။ မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊မြေပြိုဘေး စသည့် သဘာဝဘေးမျိုးစုံဖြစ်ပွားနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထိုဘေးအန္တရာယ်များအနက်မှ ငလျင် ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်း၍မရဘဲ ကြိုတင်သိရှိရခြင်းလည်းမရှိသဖြင့် အလွန်အန္တရာယ် ကြီးမားသည့် ဘေးအန္တရာယ်တစ်မျိုးဖြစ်ပါသည်။ ၂။ အင်အားပြင်းငလျင်များဖြစ်ပေါ်လာပါက လည်းပျက်စီးဆုံးရှုံးမှု ကြီးမားတတ်ပြီး နောက်ဆက် တွဲငလျင်ငယ်များ (Aftershocks) လှုပ်ခြင်း၊ ရေကာတာကြီးများကျိုးပျက်၍ ရေလွှမ်းခြင်း၊ တောင်ပြို ခြင်း၊ မြေပြိုခြင်း၊ ဆူနာမီရေလှိုင်းများဖြစ်ပေါ်နိုင်ခြင်း၊ ရုတ်တရက်လျှပ်စစ်ကြိုးများပူးသွားခြင်းကြောင့် လျှပ်စစ်မီးပွားမှတဆင့် မီးလောင်ခြင်း၊ လောင်စာဆီ၊ ဓါတ်ငွေ့ပိုက်များ ပျက်စီးရာမှတဆင့် မီးလောင် ကျွမ်းခြင်းစသည့် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၁-၁-၂၀၁၈) ရက်နေ့တွင် မုံရွာမြို့နယ်၊ သာစည်ကျေးရွာ အ.ထ.က ကျောင်းတွင် ဆရာ/ ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၅၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ရပ်ရွာအခြေပြုသဘာဝဘေးလျော့ပါးရေးသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် IOM အဖွဲ့နှင့်ပူးပေါင်း၍ (၁၀-၁-၂၀၁၈) ရက်နေ့တွင် ကလေးမြို့နယ်၊ နတ်ကြီးကုန်း (ကာ)အုပ်စု၊ နတ်ကြီးကုန်း ကျေးရွာ၌ ရပ်ရွာအခြေပြုသဘာဝဘေးလျော့ပါးရေးသင်တန်းအားဖွင့်လှစ်ခဲ့ရာ ကလေးခရိုင်ဦးစီးမှူးရုံး တာဝန် ရှိသူများမှ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာများဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါသည်။ အဆိုပါသင်တန်းသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိုးဇလဦးစီးမှူး နှင့်အတူ စုစုပေါင်း သင်တန်းသူ/သင်တန်းသား (၄၀) ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၃) ရက်တာ ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁-၂၀၁၈) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ ဂန့်အိမ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ ဆရာမ(၂၅) ဦးနှင့် ကျောင်းသား/ကျောင်းသူ (၂၄၈) ဦးအား စုစုပေါင်း (၂၇၃) ဦးတို့အား သဘာဝဘေးအသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး နံရံကပ်ပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁-၂၀၁၈) ရက်နေ့တွင် မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာမှ ပြည်သူလူထု (၁၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ ဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်း တာဝန်များ၊ DAN Mobile Application အသုံးပြုခြင်းနည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား ပြောကြားခြင်းနှင့် (ရေဘေး၊ မုန်တိုင်းဘေး၊ ဆူနာမီဘေး) အသိပညာပေး လက်ကမ်းစာစောင်ဝေငှပေးခြင်းနှင့် မိုးကြိုးဘေးဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
အရေးပေါ်ခိုလှုံရာနှင့်ဘက်စုံသုံးအဆောက်အဦ၏ သော့(၂)စုံအား သရက်ချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦီးစီးဌာနနှင့် ကနက်သီရိကျေးရွာ အုပ်ချုပ်ရေးမှူးတို့ထံ လွှဲပြောင်းပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁-၂၀၁၈)ရက်နေ့တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ထောက်ပံ့မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာတွင် ဆောက်လုပ်ပြီးစီးခဲ့သော အရေးပေါ် ခိုလှုံရာနှင့် ဘက်စုံသုံးအဆောက်အဦ၏သော့(၂)စုံအား အစိုးရအဖွဲ့၏ လမ်းညွှန်မှုုဖြင့် သရက်ချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦီးစီးဌာန နှင့် ကနက်သီရိကျေးရွာအုပ်ချုပ်ရေးမှူးတို့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ရေလုပ်သားများအား ကွင်းတားပိုက်ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁-၂၀၁၈)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကျေးရွာ (၁၃) ရွာရှိ ရေလုပ်သားများအတွက် ကွင်းတားပိုက် (၁၅) လက်အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးရုံးမှ တာဝန်ရှိ သူများသည် (၁၀-၁-၂၀၁၈) ရက်နေ့တွင် ကျိုင်းတုံမြို့နယ်၊ တြိဂံဒေသတိုင်းစစ်ဌာန ချုပ် ပြည်ငြိမ်းအေးခန်းမ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးနှင့် စုစုပေါင်း တက်ရောက်သူ (၁၀၀၀) ဦး တက် ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ် ချက်များ၊ ဘေးအန္တရာယ်နှင့်ဆက်လျဉ်းသည့်ဆောင်ရန်ရှောင်ရန်များဆွေးနွေးဟော ပြောခြင်းနှင့် ငလျင်လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါ သည်။ Source: ကျိုင်းတုံခရိုင်ဦးစီမှူးရုံး (ကဆရ)









