ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် IOM အဖွဲ့နှင့်ပူးပေါင်း၍ (၁၀-၁-၂၀၁၈) ရက်နေ့တွင် ကလေးမြို့နယ်၊ နတ်ကြီးကုန်း (ကာ)အုပ်စု၊ နတ်ကြီးကုန်း ကျေးရွာ၌ ရပ်ရွာအခြေပြုသဘာဝဘေးလျော့ပါးရေးသင်တန်းအားဖွင့်လှစ်ခဲ့ရာ ကလေးခရိုင်ဦးစီးမှူးရုံး တာဝန် ရှိသူများမှ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာများဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါသည်။ အဆိုပါသင်တန်းသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိုးဇလဦးစီးမှူး နှင့်အတူ စုစုပေါင်း သင်တန်းသူ/သင်တန်းသား (၄၀) ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၃) ရက်တာ ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: ကလေးခရိုင်ဦးစီးမှူးရုံး(ကဆရ)