
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁-၂၀၁၈)ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ ကြက်ခတ်ကုန်းကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် ဓနိမိုး၊ ထရံကာ၊ ဝါးအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၃)ဦးအတွက် Family Kits (၂၆)မျိုးပါ (၂)ပုံး၊ ပလပ်စတစ်ပုံး(၂)ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာ (၂၇၃၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၂၀၀၀၀၀ိ/-)၊ စုစုပေါင်း ရန်ပုံငွေ (၂၂၇၃၀၀ိ/-)အား (၁၀-၁-၂၀၁၈)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး)နှင့် တာဝန်ရှိသူများမှ မီးဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီး(ကဆရ)