ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များနှင့် ACF အဖွဲ့အစည်းတို့ပူးပေါင်း၍ (၁၂-၁-၂၀၁၈) ရက်နေ့တွင် စစ်တွေမြို့၊ ဆတ်ရိုးကျ (ခ) ဆတ်ရိုး ကျရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၌ မြေငလျင်နှင့် မီးဘေးသဏ္ဍာန်တူဇာတ် တိုက်လေ့ကျင်းခန်းပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်းနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၂၃၀) ဦးဖြင့် ဇာတ်တိုက်လေ့ကျင့်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)