အရေးပေါ်ခိုလှုံရာနှင့်ဘက်စုံသုံးအဆောက်အဦ၏ သော့(၂)စုံအား သရက်ချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦီးစီးဌာနနှင့် ကနက်သီရိကျေးရွာ အုပ်ချုပ်ရေးမှူးတို့ထံ လွှဲပြောင်းပေးအပ်မှုသတင်း

11_Pic_04

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁-၂၀၁၈)ရက်နေ့တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ထောက်ပံ့မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာတွင် ဆောက်လုပ်ပြီးစီးခဲ့သော အရေးပေါ် ခိုလှုံရာနှင့် ဘက်စုံသုံးအဆောက်အဦ၏သော့(၂)စုံအား အစိုးရအဖွဲ့၏ လမ်းညွှန်မှုုဖြင့် သရက်ချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦီးစီးဌာန နှင့် ကနက်သီရိကျေးရွာအုပ်ချုပ်ရေးမှူးတို့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events