Category Archives: News
-
ရေလုပ်သားများအား ကွင်းတားပိုက်ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁-၂၀၁၈)ရက်နေ့တွင် တနသ်ာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ကျေးရွာ(၁၅)ရွာမှ ရေလုပ်သားများအတွက် ငါးဖမ်းရာတွင် အသုံးပြုရန်ကွင်းတားပိုက်(၃၀)လက်အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဘုတလင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မြေငလျင်ဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၅-၁-၂၀၁၈) ရက်နေ့တွင် ဘုတလင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မြေငလျင်ဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
စစ်တွေမြို့ရှိ အစ္စလာမ်ဘာသာဝင်ရေလုပ်သားများအား (NV) ကတ် ထုတ်ပေးနေမှု ကြည့်ရှုအားပေး
================================================= ၁၄-၁-၂၀၁၈၊ စစ်တွေ ================================================= ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီအနေဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာကော်မတီဝင်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထိုလုပ်ငန်းစဉ်တွင် National Verification Card (NVC) ကိုင်ဆောင်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပြည်သူများသိရှိရန် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အစ္စလာမ်ဘာသာဝင် ရေလုပ်သားများအနေဖြင့် (NV)ကတ် ကိုင်ဆောင်ထားပြီး ပင်လယ်ပြင်တွင် ရေလုပ်ငန်း လုပ်ဆောင်ပါက စိစစ်မှုခံယူရာတွင် ခိုင်လုံသောအထောက်အထား ပြသနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့်ရေလုပ်သားများ (NV)ကတ် ကိုင်ဆောင်နိုင်ရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိရာ … Read more
-
မိုင်းဖြတ်မြို့နယ် ပါဆန်းကျေးရွာ အ လ က(ခွဲ) ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================= Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ) မှ ဝန်ထမ်းများသည် (၁၅-၁-၂၀၁၈) ရက်နေ့ နေ့လည် (၁၁း၃၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ် ပါဆန်းကျေးရွာ အ လ က(ခွဲ) ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသူ/သား (၁၁၀) ဦးတတ်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
မိုင်းဖြတ်မြို့နယ် ဝမ်လုံးကျေးရွာ အ လ က (၂၂၁) ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
================================================= Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ) မှ ဝန်ထမ်းများသည် (၁၅-၁-၂၀၁၈) ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ် ဝမ်လုံးကျေးရွာ အ လ က (၂၂၁) ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ဗိနိုင်းများ ဖြန့်ဝေပေးခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသား/သူ (၈၀) ဦးတတ်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိဘဲ ထိခိုက်ပျက်စီးဆုံးရှုံးမှုကြီးမားသည့် ဘေးအန္တရာယ်ဖြစ်သော ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်း
================================================= ၁။ မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေးစသည့် သဘာဝဘေးမျိုးစုံဖြစ်ပွားနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထိုဘေးအန္တရာယ်များအနက်မှ ငလျင် ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်း၍မရဘဲ ကြိုတင်သိရှိရခြင်းလည်းမရှိသဖြင့် အလွန်အန္တရာယ် ကြီးမားသည့်ဘေးအန္တရာယ်တစ်မျိုး ဖြစ်ပါသည်။ ၂။ အင်အားပြင်းငလျင်များဖြစ်ပေါ်လာပါကလည်း ပျက်စီးဆုံးရှုံးမှုကြီးမားတတ်ပြီး နောက်ဆက်တွဲ ငလျင်ငယ်များ(Aftershocks)လှုပ်ခြင်း၊ ရေကာတာကြီးများကျိုးပျက်၍ရေလွှမ်းခြင်း၊ တောင်ပြိုခြင်း၊ မြေပြိုခြင်း၊ ဆူနာမီရေလှိုင်းများဖြစ်ပေါ်နိုင်ခြင်း၊ ရုတ်တရက်လျှပ်စစ်ကြိုးများပူးသွားခြင်းကြောင့် လျှပ်စစ်မီးပွားမှတဆင့် မီးလောင်ခြင်း၊ လောင်စာဆီ၊ ဓါတ်ငွေ့ပိုက်များပျက်စီးရာမှတဆင့် မီးလောင် ကျွမ်းခြင်း စသည့်နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ၃။ ငလျင်ကြီးလှုပ်ပြီးနောက် ငလျင်လတ်နှင့် … Read more
-
UEHRD ၏စေတနာ့၀န်ထမ်းလူငယ်အစီအစဥ်(စတုတ္ထအဖွဲ့)အတွက် လုပ်ငန်းခွင်အကြိုသင်တန်းဖွင့်လှစ်ခြင်း
================================================= ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး ပြည်ထောင်စုစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine- UEHRD)၏ စေတနာ့၀န်ထမ်း လူငယ်အစီအစဥ်(စတုတ္ထအဖွဲ့)တွင် ပါ၀င်ကြမည့် စေတနာ့၀န်ထမ်းလူငယ်များအတွက် လုပ်ငန်းခွင်အကြိုသင်တန်းအား (၁၄-၁-၂၀၁၈)နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သံလွင်လမ်းရှိ လူမှု၀န်ထမ်းဦးစီးဌာန၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ လူငယ်ထုပါ၀င်သည့် စေတနာ့၀န်ထမ်းလူငယ်အစီအစဥ်၏ ပထမအကြိမ်သင်တန်းကို (၅-၁၁-၂၀၁၇)နေ့မှ (၂၄-၁၁-၂၀၁၇)နေ့အထိလည်းကောင်း၊ ဒုတိယအကြိမ်သင်တန်းကို(၂၄-၁၁-၂၀၁၇) နေ့မှ (၁၃-၁၂-၂၀၁၇)နေ့အထိလည်းကောင်း၊ တတိယအကြိမ်သင်တန်းကို (၁၆-၁၂-၂၀၁၇)နေ့မှ … Read more
-
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအတွက် လက်ခံရေးစခန်းများနှင့် ကြားစခန်း တည်ဆောက်မှု အချိန်မီအသင့်ဖြစ်မည်
================================================= ၁၄-၁-၂၀၁၈၊ စစ်တွေ ================================================= ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရောက်ရှိနေသော UEHRD ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ (၁၄-၁-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် စစ်တွေမြို့၌ ပြုလုပ်နေသော ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှ မွေးဖွားသော ကလေးအသက် (၂)နှစ်အထိ ငွေကြေးထောက်ပံ့ပေးသောအစီအစဉ် ပြည်သူလူထုသို့ အသိပေးခြင်းနှင့် လုပ်ငန်း အကောင်အထည်ဖော်ခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့မှ မောင်တောမြို့သို့ ထွက်ခွာလာပြီး မောင်တောမြို့နယ်၊ … Read more
-
မိုင်းဖြတ်မြို့နယ်၊ ပါလောင်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================= Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁-၂၀၁၈) ရက်နေ့၊ (၁၃းဝဝ) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ပါလောင်းကျေးရွာရှိ လူဦးရေ ၁၀၅ ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြော၍ ဗီနိုင်းပိုစတာများနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
-
စနစ်ကျသောပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရှင်းလင်းပြောကြား
၁၃-၁-၂၀၁၈၊ စစ်တွေ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ရောက်ရှိနေသော UEHRD ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နေ့လည်ပိုင်းတွင် စစ်တွေမြို့ရှိဆရာတော်သံဃာတော်များ၊ လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ အစိုးရအဖွဲ့သစ်လက်ထက် တိုင်းရင်းသား ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်နေမှုများ ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ ၂၀၁၆ခုနှစ်နှင့် ၂၀၁၇ခုနှစ်တို့အတွင်း ရခိုင် ပြည်နယ်အတွင်းအကြမ်းဖက်သမားများက တိုက်ခိုက်မှုဖြစ်စဉ်များ၏ နောက်ဆက်တွဲအဖြစ် တဖက်နိုင်ငံသို့ ထွက်ပြေးတိန်းရှောင် သွားသူများနှင့်ပတ်သက်၍ နိုင်ငံတကာ၏အမြင်နှင့် ဖိအားများ၊ အစိုးရ၏တာဝန်တရပ်အဖြစ် ၎င်းတို့အားစနစ်တကျ စိစစ်ပြန်လည် လက်ခံရန် … Read more









