Category Archives: News
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁-၂၀၁၈) ရက်နေ့ (၁၃း၀၀) နာရီမှ (၁၄း၃၀) နာရီအချိန်အထိ မိုင်းငေါ့မြို့နယ်၊ မြို့ပေါ်မဟာမြတ်မုနိ ဘုန်းကြီးကျောင်းတွင် ပြည်သူလူထု (၁၅၀) ဦးတို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ လေဘေး၊ မြေပြိုဘေး၊ မီးဘေး အစရှိသည့် ဘေးမဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိပညာပေးဟောပြောခြင်း၊ DAN Mobile Application အသုံးပြုပုံ/အသုံး ပြုနည်း နည်းလမ်းများအား ရှင်းလင်းပြောကြားခြင်းနှင့် ဘေး (၆) မျိုးပါ … Read more
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁-၂၀၁၈) ရက်နေ့ နံနက် (၀၉း၀၀) နာရီမှ (၁၁း၃၀) နာရီအချိန်အထိ မိုင်းငေါ့မြို့နယ်၊ သီရိမင်္ဂလာ ဓမ္မာရုံကျောင်းတွင် ပြည်သူလူထု (၅၀) ဦးတို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ လေဘေး၊ မြေပြိုဘေး၊ မီးဘေး အစရှိသည့် ဘေးမဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးဟောပြောခြင်း၊ DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်း နည်းလမ်းများအား ရှင်းလင်းပြောကြားခြင်းနှင့် ဘေး (၆) မျိုးပါ လက်ကမ်းစာစောင် … Read more
-
ကျိုင်းတုံမြို့နယ်၊ အမက ၇ ကျောင်း၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= (၁၇-၁-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၄းဝဝ) နာရီအချိန်တွင် ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ အမက ၇ ကျောင်း၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူ (၄၀) ဦးရှိကြောင်း သိရှိရပါသည်။
-
ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ် အခြေခံ ပညာဦးစီးဌာန၊ နေပြည်တော် မီးသတ်ဦးစီးဌာန၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှု ကော်မတီတို့နှင့်ပူးပေါင်း၍ (၁၇-၁-၂၀၁၈) ရက်နေ့တွင် လယ်ဝေးမြို့နယ်၊ သပြေပင်(အ.ထ.က-၃) စာသင်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးဖြင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းအား နံနက် (၁၁:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ ကျင်းပ ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁-၂၀၁၈) ရက်နေ့တွင် ဥတ္တရသီရိမြို့နယ်၊ရွှေနံသာ အ.ထ.က (ခွဲ) ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးခန့်အားလည်းကောင်း ဥတ္တရသီရိမြို့နယ် မိုးဆွေကျေးရွာ အ.ထ.က ကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၂၀၀) ဦးခန့်အားလည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ကဆရ)
-
မော်လမြိုင်မြို့ မန္တလေးရပ်ကွက်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= (၁၇-၁-၂၀၁၈) ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ ဟောပြောပွဲသို့ ပြည်သူ (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်တောမြို့နယ်၊ ဂြင်းချောင်းကျေးရွာအုပ်စု၊ အနောက်ဖရုံကာကျွန်း၊ သစ်ပုတ်ချိုင်အနီးတွင် (၁၅-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော စက်လှေနစ်မြုပ်မှုကြောင့် (၅) ဦးသေဆုံးခဲ့ပြီး (၁) ဦးဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါ ဒဏ်ရာရလူနာ(၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်အား (၁၇-၁-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး သေဆုံး (၅) ဦးအတွက် ထောက်ပံ့ငွေ (၁,၅၀၀,၀၀၀) ကျပ်အား Fax ငွေလွှဲဖြင့် ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အနာဂတ်အလင်းရောင်လူငယ်ဖွံ့ဖြိုးရေးအသင်း၊ ပုညမုဒိတာ (ကျန်းမာရေး စောင့်ရှောက်မှုနှင့် သွေးလှူအသင်း) တို့နှင့်ပူးပေါင်း၍ (၁၇-၁-၂၀၁၈) ရက်နေ့ (၀၈း၀၀) နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မကျီးပင်ပုကျေးရွာအုပ်စု၊ မကျီးပင်ကျေးရွာ အခြေခံပညာအထက်ကျောင်း(ခွဲ)၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၅၃၀) ဦးတက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား/ ကျောင်းသူများအား လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ (၁၂း၀၀) အချိန်တွင် မကျီးပင်ပုကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၊ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၁၈) ရက်နေ့ နံနက် (၀၉း၃၀) အချိန်မှ (၁၁း၀၀) နာရီအချိန်အထိ ကျိုင်းတုံမြို့နယ်၊ အ.မ.က မူလွန် ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁-၂၀၁၈) ရက်နေ့တွင် မီးသတ်ဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကြက်ခြေနီ၊ ကျန်းမာရေးဦးစီးဌာနများမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ လယ်ဝေးမြို့နယ်၊ သပြေပင် အ.ထ.က (၃) ကျောင်းတွင် ငလျင်ဘေးအသိ ပညာပေးဇာတ်တိုက်လေ့ကျင့်ခန်း အစမ်းလေ့ကျင့်ခြင်းအား ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်တိုင်းဦးစီးမှူးမှ ငလျင်ဘေးနှင့်စပ်လျဉ်းသည့်အကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်း၌ ကျောင်းသူ/ ကျောင်းသား (၂၅၀) ဦးခန့်နှင့် ဌာနဆိုင်ရာ ဝန်ထမ်း (၅၀) ဦး စုစုပေါင်း (၃၀၀) ဦး ပူးပေါင်းပါဝင်ဆောင် ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more









