
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ် အခြေခံ ပညာဦးစီးဌာန၊ နေပြည်တော် မီးသတ်ဦးစီးဌာန၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှု ကော်မတီတို့နှင့်ပူးပေါင်း၍ (၁၇-၁-၂၀၁၈) ရက်နေ့တွင် လယ်ဝေးမြို့နယ်၊ သပြေပင်(အ.ထ.က-၃) စာသင်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးဖြင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းအား နံနက် (၁၁:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ ကျင်းပ ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ကဆရ)