ထောက်ပံ့ငွေပေးအပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်တောမြို့နယ်၊ ဂြင်းချောင်းကျေးရွာအုပ်စု၊ အနောက်ဖရုံကာကျွန်း၊ သစ်ပုတ်ချိုင်အနီးတွင် (၁၅-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော စက်လှေနစ်မြုပ်မှုကြောင့် (၅) ဦးသေဆုံးခဲ့ပြီး (၁) ဦးဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါ ဒဏ်ရာရလူနာ(၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်အား (၁၇-၁-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး သေဆုံး (၅) ဦးအတွက် ထောက်ပံ့ငွေ (၁,၅၀၀,၀၀၀) ကျပ်အား  Fax ငွေလွှဲဖြင့် ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events