အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁-၂၀၁၈) ရက်နေ့ နံနက် (၀၉း၀၀) နာရီမှ (၁၁း၃၀) နာရီအချိန်အထိ မိုင်းငေါ့မြို့နယ်၊ သီရိမင်္ဂလာ ဓမ္မာရုံကျောင်းတွင် ပြည်သူလူထု (၅၀) ဦးတို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ လေဘေး၊ မြေပြိုဘေး၊ မီးဘေး အစရှိသည့် ဘေးမဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးဟောပြောခြင်း၊ DAN Mobile Application  အသုံးပြုပုံ/အသုံးပြုနည်း နည်းလမ်းများအား ရှင်းလင်းပြောကြားခြင်းနှင့် ဘေး (၆) မျိုးပါ လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events