
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁-၂၀၁၈) ရက်နေ့တွင် မီးသတ်ဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကြက်ခြေနီ၊ ကျန်းမာရေးဦးစီးဌာနများမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ လယ်ဝေးမြို့နယ်၊ သပြေပင် အ.ထ.က (၃) ကျောင်းတွင် ငလျင်ဘေးအသိ ပညာပေးဇာတ်တိုက်လေ့ကျင့်ခန်း အစမ်းလေ့ကျင့်ခြင်းအား ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်တိုင်းဦးစီးမှူးမှ ငလျင်ဘေးနှင့်စပ်လျဉ်းသည့်အကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်း၌ ကျောင်းသူ/ ကျောင်းသား (၂၅၀) ဦးခန့်နှင့် ဌာနဆိုင်ရာ ဝန်ထမ်း (၅၀) ဦး စုစုပေါင်း (၃၀၀) ဦး ပူးပေါင်းပါဝင်ဆောင် ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ကဆရ)