ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အနာဂတ်အလင်းရောင်လူငယ်ဖွံ့ဖြိုးရေးအသင်း၊ ပုညမုဒိတာ (ကျန်းမာရေး စောင့်ရှောက်မှုနှင့် သွေးလှူအသင်း) တို့နှင့်ပူးပေါင်း၍     (၁၇-၁-၂၀၁၈) ရက်နေ့ (၀၈း၀၀) နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မကျီးပင်ပုကျေးရွာအုပ်စု၊ မကျီးပင်ကျေးရွာ အခြေခံပညာအထက်ကျောင်း(ခွဲ)၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၅၃၀) ဦးတက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား/ ကျောင်းသူများအား လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ (၁၂း၀၀) အချိန်တွင် မကျီးပင်ပုကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/ကျေးရွာသား စုစုပေါင်း (၉၅) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲ တက်ရောက် လာသူများအား လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events