Category Archives: News
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် သင်္ဃန်းကျွန်းမြို့နယ်၊ (ခ)/ရပ်ကွက်၊ ယုဝတီလမ်းတွင် (၂၂-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော တိုက်အိမ် (၃) လုံး၊ အခန်း (၂၄) ခန်း၊ အိမ်ထောင်စု (၂၄) စုမှ လူဦးရေ (၁၀၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ ဆီ (၁၀)ဖာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၁၆,၃၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၁၆,၃၀၀)ကျပ်တို့အား (၂၂-၁-၂၀၁၈) … Read more
-
ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မြစ်ခြေ)၌ ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်း ပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ (၂၂-၁-၂၀၁၈)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီ အချိန်တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မြစ်ခြေ)၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၀၀၀)ဦးကျော်အား ငလျင်ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဗလာစာအုပ်များနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၂-၁-၂၀၁၈) ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ ရန်တောက် အ.လ.က ၌ ကျောင်းသား/ကျောင်းသူ (၃၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများဟောပြောပို့ချခြင်း၊ ဗလာစာအုပ်များ၊ ဘောပင် များဝေငှပေးခြင်းနှင့် လက်ကမ်းစာစောင်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးစီးမှူးရုံး(ကဆရ)
-
ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ (၁၉-၁-၂၀၁၈) ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ကမ္မ) ၌ ငလျင်ဘေးအန္တရာယ်အသိပညာပေးဟော ပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၇၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဗလာစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် နံရံကပ် ပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး
-
ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာ အုပ်စု ၊ဟွေခါးကျေးရွာတွင် သဘာဝဘေး အန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၁-၁-၂၀၁၈ ) ရက်နေ့ နေ့လည် ၁၃၀၀ နာရီ မှ ၁၄၃၀ နာရီ ထိ ကျိုင်းတုံမြို့နယ်၊မိုင်းဇင်း ကျေးရွာ အုပ်စု ၊ဟွေခါးကျေးရွာတွင် တက်ရောက် သူ (၆၀) ဦး အား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် သဘာဝဘေး အန္တရာယ်အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လပွတ္တာမြို့၊ မြို့လယ်ကျောင်းတိုက် ဓမ္မာရုံတွင် လျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၁-၁-၂၀၁၈) ရက်နေ့| (၁၀းဝဝ)နာရီအချိန်တွင် လပွတ္တာမြို့၊ မြို့လယ်ကျောင်းတိုက် ဓမ္မာရုံတွင် ပညာရိပ်မွန်ဦးဘော်ဒါဆောင်မှ ကျောင်းသား/ကျောင်းသူ (၅၀)ဦးခန့်အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ထုံးဖိုမိချောင်းအိုင်ကျေးရွာအုပ်စု၊ ထုံးဖိုကျေးရွာတွင် သဘာဝဘေး အန္တာရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၁-၂၀၁၈) ရက်နေ့ နံနက်(၁၀)နာရီမှ(၁၂) နာရီအထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ၊် ထုံးဖိုမိချောင်းအိုင်ကျေးရွာ အုပ်စု၊ ထုံးဖိုကျေးရွာမှ ကျေးရွာနေပြည်သူ (၁၅၀)ဦးတို့အား ငလျင်ဘေးအပါအဝင် အခြားသဘာဝဘေးအန္တာရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ ပိုစတာများအား ကျေးရွာနေပြည်သူများထံသို့ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပင်းတယမြို့နယ်အတွင်း သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေး အသိပညာပေးဟောပြောပွဲများကို (၂၀.၁.၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် တမဲကျေးရွာအုပ်စု ပင်းတယမြို့နယ်၌ ပြုလုပ်ရာ အင်အား (၁၅၀)ခန့်အား လည်းကောင်း၊ ညနေပိုင်းတွင် ကျားကုန်းကျေးရွာအုပ်စု ပင်းတယမြို့နယ်၌ ပြုလုပ်ရာ အင်အား (၁၀၀) ခန့်အားလည်းကောင်း ငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း ပညာပေးဗွီဒီယိုပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကလေးမြို့နယ်၊ နှောညောင်ပင်ကျေးရွာ ရပ်ရွာအခြေပြု သဘာဝဘေး လျော့ပါးရေးသင်တန်းတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်မှုသတင်း
ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများသည်(၂၀-၁-၂၀၁၈)နေ့ (၁၀းဝဝ)နာရီ မှ(၁၁း၃၀) ထိ ကလေးမြို့နယ်၊ နှောညောင်ပင်ကျေးရွာ၊ ဘုန်းတော်ကြီး၌ အရပ်ဘက်အဖွဲ့အစည်းက ဖွင့်လှစ်သော ရပ်ရွာအခြေပြု သဘာဝဘေးလျော့ပါးရေးသင်တန်းတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ရာ သင်တန်းသား/သူ(၄၅)ဦး တက်ရောက်ခဲ့ပြီး လက်စာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဝန်းသိုမြို့နယ်အတွင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကသာခရိုင်ဦးစီးမှူးရုံးမှ (၁၉-၁-၂၀၁၈)နေ့တွင် ဝန်းသို မြို့နယ်၊ စိန်လည် ကျေးရွာသူ/သား (၉၀)ခန့်အား (၁၂း၀၀)နာရီမှ (၁၃း၀၀)နာရီထိလည်းကောင်း ဝန်းသို မြို့နယ် အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ(၄၃၀) ဦးတို့အား(၁၄းဝဝ)နာရီမှ (၁၅း၀၀) နာရီထိ လည်းကောင်း သဘာဝဘေး အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဗွီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source : ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)









