ကလေးမြို့နယ်၊ နှောညောင်ပင်ကျေးရွာ ရပ်ရွာအခြေပြု သဘာဝဘေး လျော့ပါးရေးသင်တန်းတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်မှုသတင်း

ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများသည်(၂၀-၁-၂၀၁၈)နေ့ (၁၀းဝဝ)နာရီ မှ(၁၁း၃၀) ထိ ကလေးမြို့နယ်၊ နှောညောင်ပင်ကျေးရွာ၊ ဘုန်းတော်ကြီး၌ အရပ်ဘက်အဖွဲ့အစည်းက ဖွင့်လှစ်သော ရပ်ရွာအခြေပြု သဘာဝဘေးလျော့ပါးရေးသင်တန်းတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ရာ  သင်တန်းသား/သူ(၄၅)ဦး တက်ရောက်ခဲ့ပြီး လက်စာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။

Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events