ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၂-၁-၂၀၁၈) ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ ရန်တောက် အ.လ.က ၌ ကျောင်းသား/ကျောင်းသူ (၃၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများဟောပြောပို့ချခြင်း၊ ဗလာစာအုပ်များ၊ ဘောပင် များဝေငှပေးခြင်းနှင့် လက်ကမ်းစာစောင်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: တနင်္သာရီတိုင်းဒေသကြီးစီးမှူးရုံး(ကဆရ)