ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကသာခရိုင်ဦးစီးမှူးရုံးမှ (၁၉-၁-၂၀၁၈)နေ့တွင် ဝန်းသို မြို့နယ်၊ စိန်လည် ကျေးရွာသူ/သား (၉၀)ခန့်အား (၁၂း၀၀)နာရီမှ (၁၃း၀၀)နာရီထိလည်းကောင်း ဝန်းသို မြို့နယ် အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ(၄၃၀) ဦးတို့အား(၁၄းဝဝ)နာရီမှ (၁၅း၀၀) နာရီထိ လည်းကောင်း သဘာဝဘေး အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဗွီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
Source : ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)