ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေး အသိပညာပေးဟောပြောပွဲများကို (၂၀.၁.၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် တမဲကျေးရွာအုပ်စု ပင်းတယမြို့နယ်၌ ပြုလုပ်ရာ အင်အား (၁၅၀)ခန့်အား လည်းကောင်း၊ ညနေပိုင်းတွင် ကျားကုန်းကျေးရွာအုပ်စု ပင်းတယမြို့နယ်၌ ပြုလုပ်ရာ အင်အား (၁၀၀) ခန့်အားလည်းကောင်း ငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း ပညာပေးဗွီဒီယိုပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)