Category Archives: News
-
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ အကြံပေးအဖွဲ့နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီတို့ တွေ့ဆုံမှုသတင်း
================================================= နေပြည်တော်၊ ဇန်နဝါရီ ၂၃—————–ထိုင်းနိုင်ငံ အငြိမ်းစားဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prof. Dr Surakiart Sathirathai ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ အကြံပေးအဖွဲ့နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီတို့၏ တွေ့ဆုံဆွေးနွေးပွဲကို (၂၃-၁-၂၀၁၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဦးသောင်းထွန်း၊ … Read more
-
လပွတ္တာမြို့နယ်၊ လပွတ္တလုပ်တောင် ကျေးရွာအုပ်စု၊ ကန်ဘလာကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================= Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင် ့ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၈) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ လပွတ္တလုပ်တောင် ကျေးရွာအုပ်စု၊ ကန်ဘလာကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ (၅၀) ဦးခန့်အား ငလျင် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပြီး နံရံကပ်စာစောင်များနှင့် လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးုနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံမြို့ နယ်၊ နောင်ကုလားကျေးရွာအုပ်စု၊ အလယ်ရွာတောင်ပိုင်း၌ (၂၂-၁-၂၀၁၈) ရက်နေ့ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဘေးသင့်ခဲ့သော အိမ် (၁) အိမ်ထောင်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး ၊ family kit (၁) ထုပ် ၊ ရေပုံးအဖုံးပါ (၂) ပုံး ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၆) ဦးအတွက် ဆန် ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀)ကျပ်၊ … Read more
-
မကွေးမြို့နယ်၊ ဂျုတ်ကုန်းကျေးရွာ၌ ငလျင်ဘေးနှင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================= Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင် ့ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၁၈) ရက်နေ့တွင် မကွေးမြို့နယ်၊ ဂျုတ်ကုန်းကျေးရွာ၌ ငလျင်ဘေးနှင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ ခေါက်ဆွဲခြောက်များ ဝေငှခဲ့ပါသည်။ ဟောပြောပွဲသို့ ကျေးရွာသူ/ကျေးရွာသား (၁၀၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ အ.ထ.က(ခွဲ) ဟဲကယ်၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၃၀၀) ဦးခန့်အားလည်းကောင်း၊ ညနေပိုင်းတွင် တောင်ကြီးမြို့နယ်၊ အ.ထ.က (ခွဲ) ဟိုနား၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၃၅၀) ဦးခန့်အားလည်းကောင်း သဘာဝဘေးအသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ခြင်း၊ ငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ဗီနိုင်းပိုစတာပေးအပ်ခြင်းနှင့် အသိပညာပေးမှတ်တမ်းဗီဒီယိုပြသခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ကယားပြည်နယ်၊ ဖရူဆိုမြို့ မာခရော်ရှေ့ကျေးရွာ၌ ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၁၈)ရက်နေ့တွင် ကယားပြည်နယ်၊ ဖရူဆိုမြို့ မာခရော်ရှေ့ကျေးရွာ၌ ရပ်ရွာ ပြည်သူ (၆၀)ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၁၈) ရက်နေ့ နံနက်(၀၉း၃၀)အချိန်မှ(၁၁း၃၀)အချိန်ထိ မင်းပြားမြို့နယ်၊ သေကံကျေးရွာစာသင်ကျောင်း ၌ ကျောင်းသူ/သားနှင့် ကျေးရွာနေပြည်သူလူထု (၁၇၅) ဦးအားလည်းကောင်း၊ နေ့လယ်(၁၃း၀၀) အချိန်မှ (၁၅း၀၀) နာရီအချိန်ထိ ဖားပြို(ရခိုင်)ကျေးရွာ စာသင်ကျောင်း၌ ကျောင်းသူ/သားနှင့် ကျေးရွာနေပြည်သူလူထု (၁၃၉) ဦးအားလည်ကောင်း သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများ ဟောပြောခြင်း၊ ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ပေါင်မုန့်များဝေငှပေးခြင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် မှတ်တမ်းဗီဒီယိုပြသခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်း ပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၁၇)ရက်နေ့တွင် သရက်ချောင်းမြို့နယ် အ.လ.က သရက်နှစ်ခွ၌ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀၀)ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး ဗလာ စာအုပ်များ၊ ဘောပင်များနှင့်လက်ကမ်း စာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၂-၁-၂၀၁၈) ရက်နေ့တွင် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအနောက်ကျေးရွာအုပ်စု၊ ဆိတ်ကြီးကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု(၁၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဘေးအန္တရာယ်များ ဖြစ်ပွားမှုနှင့်အတူ လိုက်လျောညီထွေနေထိုင်ခြင်း၊ ဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် အကြောင်းအရာများကို ဆွေးနွေးဟောပြောခြင်း လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်း ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာအုပ်စု၊ ရွှေမြင်တင်ကျေးရွာ၌ (၂၁-၁-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၂) ဦးအတွက် Unicef family Kit (၂၆)မျိုးပါ (၁) ပုံး၊ ပလတ်စတစ်ပုံး (၁) ပုံး၊ ဆန်ရိက္ခာ (၇) ရက်စာ (၄,၂၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄,၂၀၀) ကျပ်တို့အား (၂၂-၁-၂၀၁၈) ရက်နေ့တွင် မီးဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ … Read more









