သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၁၈) ရက်နေ့ နံနက်(၀၉း၃၀)အချိန်မှ(၁၁း၃၀)အချိန်ထိ မင်းပြားမြို့နယ်၊ သေကံကျေးရွာစာသင်ကျောင်း ၌ ကျောင်းသူ/သားနှင့် ကျေးရွာနေပြည်သူလူထု (၁၇၅) ဦးအားလည်းကောင်း၊ နေ့လယ်(၁၃း၀၀) အချိန်မှ (၁၅း၀၀) နာရီအချိန်ထိ ဖားပြို(ရခိုင်)ကျေးရွာ စာသင်ကျောင်း၌ ကျောင်းသူ/သားနှင့် ကျေးရွာနေပြည်သူလူထု (၁၃၉) ဦးအားလည်ကောင်း သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများ ဟောပြောခြင်း၊ ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ပေါင်မုန့်များဝေငှပေးခြင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် မှတ်တမ်းဗီဒီယိုပြသခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events