ကယ်ဆယ်ရေးုနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံမြို့ နယ်၊ နောင်ကုလားကျေးရွာအုပ်စု၊ အလယ်ရွာတောင်ပိုင်း၌ (၂၂-၁-၂၀၁၈) ရက်နေ့ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဘေးသင့်ခဲ့သော အိမ် (၁) အိမ်ထောင်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး ၊ family kit (၁) ထုပ် ၊ ရေပုံးအဖုံးပါ (၂) ပုံး ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၆) ဦးအတွက် ဆန် ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၂,၆၀၀) ကျပ်တို့အား (၂၃-၁-၂၀၁၈) ရက်သွားနေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)