သဘာဝဘေးအသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၂-၁-၂၀၁၈) ရက်နေ့တွင် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအနောက်ကျေးရွာအုပ်စု၊ ဆိတ်ကြီးကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု(၁၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဘေးအန္တရာယ်များ ဖြစ်ပွားမှုနှင့်အတူ လိုက်လျောညီထွေနေထိုင်ခြင်း၊ ဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် အကြောင်းအရာများကို ဆွေးနွေးဟောပြောခြင်း လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့်  ဗီနိုင်း ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events