
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၁၇)ရက်နေ့တွင် သရက်ချောင်းမြို့နယ် အ.လ.က သရက်နှစ်ခွ၌ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀၀)ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး ဗလာ စာအုပ်များ၊ ဘောပင်များနှင့်လက်ကမ်း စာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)