Category Archives: News
-
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ အကြံပေးအဖွဲ့မှ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးရုံး ၀န်ထမ်းများ၊ ပြည်တွင်းပြည်ပ သတင်းဌာနများမှ သတင်းထောက်များ ပါ၀င်သော အဖွဲ့ ရခိုင်ပြည်နယ် မောင်တောဒေသနှင့် ကျောက်ဖြူမြို့တို့၌ ကြည့်ရှု လေ့လာမှုသတင်း
=================================================== သံတွဲ ဇန်နဝါရီ ၂၄ ———– နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီအကြံပေးအဖွဲ့မှ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးရုံးဝန်ထမ်းများ၊ ပြည်တွင်းပြည်ပသတင်းဌာနများမှ သတင်းထောက်များ ပါ၀င်သောအဖွဲ့သည် (၂၄-၁-၂၀၁၈) ရက်နေ့၊ နံနက် ၈ နာရီ ၄၅ မိနစ်တွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် စစ်တွေမြို့သို့ ရောက်ရှိကြသည်။ ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သည့်အဖွဲ့အား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် … Read more
-
ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာနှင့် ကာဒီကျေးရွာများ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================= Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၈) ရက်နေ့၊ (၀၉းဝဝ ~ ၁၁း၃၀) နာရီအချိန်တွင် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ ဘုန်းကြီးကျောင်း၌ ကျေးရွာနေ ပြည်သူ/သား (၁၂၅) ဦးအားလည်းကောင်း၊ (၁၃းဝဝ ~ ၁၅းဝဝ) နာရီအချိန်တွင် ကာဒီကျေးရွာ ဘုန်းကြီးကျောင်း၌ ကျေးရွာနေ ပြည်သူ/သား (၁၄၅) ဦးအားလည်းကောင်း သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲများ ပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက မြေငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ဟောပြောခြင်း၊ ဘေး(၈)မျိုးလက်ကမ်းစာစောင်များ … Read more
-
ဟင်္သာတမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်စု၊ လိပ်ချောင်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်စု၊ လိပ်ချောင်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ရာ တက်ရောက်လာသော ရပ်ရွာပြည်သူ (၁၀၀) ဦးအား ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဘေးမဖြစ်မီ ဘေးဖြစ်နေစဉ် ဘေးဖြစ်ပွားပြီးနောက် ဆောင်ရန်/ ရှောင်ရန်များ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး နံရံကပ်ပိုစတာများနှင့် လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရှိရပါသည်။
-
ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းအောက်ရုံ၊ အလတ်ချောင်းရပ်ကွက်၊ အောက်ရုံအပိုင်း၊ သိင်္ဂ ီရွှေဝါလမ်းနေ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= (၂၃-၁-၂၀၁၈) ရက်နေ့ ၊ (၂၂:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းအောက်ရုံ၊ အလတ်ချောင်းရပ်ကွက်၊ အောက်ရုံအပိုင်း၊ သိင်္ဂ ီရွှေဝါလမ်းနေ ဒေါ်ခင်တင့် နေအိမ်၏ ဖွဲမီးဖို မီးကြွင်းမီးကျန်မှတဆင့် စတင်၍ မီးလောင်မှုကြောင့် နေအိမ် (၄) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၉) ဦးတို့ မီးဘေးသင့်ခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ … Read more
-
လှိုင်သာယာမြို့နယ် ၊ ရေဥက္ကံကျေးရွာအုပ်စု၊ စက်မှုဇုန် (၄) နေ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= (၂၃-၁-၂၀၁၈) ရက်နေ့တွင် လှိုင်သာယာမြို့နယ် ၊ ရေဥက္ကံကျေးရွာအုပ်စု၊ စက်မှုဇုန် (၄) နေ ဦးစိုးဝင်း နေအိမ်မှ ထင်းမီးဖြင့် ရေနွေးအိုးတည်ထားရာ မီးဖိုအနီးတွင် ကာရံထားသော ဓနိများအား မီးကူးစက်ရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျူးကျော်တဲ (၇၀) လုံး၊ အိမ်ထောင်စု (၇၁) စုမှ လူဦးရေ (၃၀၅) ဦးဘေးသင့်ခဲ့ပြီး (၁) ဦး သေဆုံး ခဲ့ပါသည်။ အဆိုပါမီးဘေးကြောင့် ဘေးသင့်ခဲ့သည့်ပြည်သူများအတွက် (၂၄-၁-၂၀၁၈) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာ၌ ငလျင်ဘေးနှင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================= Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၈) ရက်နေ့တွင် မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာ၌ ငလျင်ဘေးနှင့် သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခဲ့ပါသည်။ ဟောပြောပွဲသို့ကျေးရွာသူ၊ ကျေးရွာသား (၈၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
တောင်ကြီးမြို့နယ် အထက(ခွဲ)ထီသိမ်ရွေးတောင်နှင့် အထက(ခွဲ)ထီသိမ်၌ ငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များအကြောင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောမှုသတင်း
================================================= Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် အထက(ခွဲ)ထီသိမ်ရွေးတောင်၌ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၃၀၀) ဦးခန့်အား လည်းကောင်း၊ ညနေပိုင်းတွင် တောင်ကြီးမြို့နယ် အထက(ခွဲ)ထီသိမ်၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၃၅၀) ဦးခန့်အားလည်းကောင်း ငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များအကြောင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းနှင့် အသိပညာပေး ဗွီဒီယိုပြသခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် ဘားအံမြို့နယ်၊ လွန်းညကျေးရွာအုပ်စု၊ လွန်းညကျေးရွာ၌ လူဦးရေ (၁၅၀) ဦးအား ငလျင်ဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန် အကြောင်း အရာများအား ဆွေးနွေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးအပ်ခြင်းနှင့် ဗီနိုင်း ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
မီဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ လွန်းညကျေးရွာအုပ်စု၊ ကမော့ပိုကျေးရွာ၊ အမှတ် (၆) ရပ်ကွက်တွင် (၁၃-၁-၂၀၁၈) ရက်နေ့၊ (၂၀း၁၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ် (၁) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁) ဦးဘေးဒုက္ခခံစားခဲ့ရပါသည်။ အဆိုပါ ဘေးသင့်အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂,၁၀၀) ကျပ်၊ စုစုပေါင်း … Read more
-
ရေလုပ်သား (၂) ဦးအား မိသားစုများထံသို့ လွှဲပြောင်းပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိန္ဒိယ နိုင်ငံ၊ ပို့ဘလဲမြို့ရှိ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံပြီး ပြန်လည်ရောက်ရှိလာသော မြိတ်ခရိုင်၊ ကျွန်းစု မြို့နယ်မှ ရေလုပ်သား (၂) ဦးအား (၂၃-၁-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၄း၃၀) နာရီချိန်တွင် မြိတ်ခရိုင် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျွန်းရတနာအစည်းအဝေးခန်းမ၌ မိသားစုဝင်များထံသို့ လွှဲပြောင်း ပေးအပ်ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)









