ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်
(၂၄-၁-၂၀၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် ဘားအံမြို့နယ်၊ လွန်းညကျေးရွာအုပ်စု၊ လွန်းညကျေးရွာ၌ လူဦးရေ (၁၅၀) ဦးအား ငလျင်ဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန် အကြောင်း အရာများအား ဆွေးနွေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးအပ်ခြင်းနှင့် ဗီနိုင်း ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)