Category Archives: News
-
ဟင်္သာတသင်တန်းကျောင်း (DMTC) သို့ NEWZELAND သံရုံးမှ တာဝန်ရှိသူများ လာရောက်လေ့လာမှုသတင်း
Massey University ၏ New Zealand joint center for Disaster Research အစီအစဉ်မှ Dr Jane Rovins နှင့် Mr Brewster ဦးဆောင်သော အဖွဲ့ဝင်များသည် (၆-၂-၂၀၁၈) ရက်နေ့တွင် သင်ရိုးများ Update ဖြစ်ရန်ပြင်ဆင်ရေးနှင့် နယူးဇီလန်နိုင်ငံမှ အသိအမှတ်ပြု အောင်လက်မှတ် ဒီပလိုမာများပေးအပ်နိုင်ရေး တို့အတွက် DMTC ကျောင်းအုပ်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတသင်တန်းကျောင်း(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၈-၂-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) အချိန်မှ (၁၀း၃၀) နာရီအချိန်ထိ ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ် ကျေးရွာအုပ်စု၊ ရဲဒီကျေးရွာ၌ ကျေးရွာသူ/ကျေးရွာသား စုစုပေါင်း (၁၅၀) ဦးခန့်အား သဘာဝဘေး အသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်ဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၁၈) ရက်နေ့တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာ၌ ပြည်သူထူထု (၇၀) ဦးအား ငလျင် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဗီနိုင်းပိုစတာပေးအပ်ခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၇-၂-၂၀၁၈) ရက်နေ့ တွင် သရက်မြို့နယ်၊ ရေဘွက်ကျေးရွာအုပ်စု၊ ရေဘွက်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူလူထု(၁၀၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတက်ရောက်သူများအား Win ဆပ်ပြာမှုန့်ထုပ်များနှင့် လက်ကမ်းစာစောင်များဝေငှခြင်း၊ DAN Application အသုံးပြုပုံနည်းစနစ်များဖြန့်ဝေခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ (မီးဘေး၊ရေဘေး၊မုန်တိုင်းဘေး၊ငလျင်ဘေးနှင့် မိုးကြိုးဘေး) ဆိုင်ရာ နံရံကပ်ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါ သည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၁၈)ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ ရွှေပြည်သာကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ခြေ (၆) လုံး၊ အိမ်ထောင်စု (၆) စု၊ လူဦးရေ (၂၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးစီကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၆၀၉၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၆၆၀၉၀၀/-) ကျပ်တို့အား အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်ဒုတိယဦးစီးမှူးနှင့်အတူ (၇-၂-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီမှူးရုံးမှ တိုင်ဦးမှူးနှင့်တာဝန်ရှိသူများသည် (၇-၂-၂၀၁၈)ရက်နေ့တွင် ပျဉ်းမနားမြို့နယ်၊ ပျူတွင်းအုပ်စု ပျူတွင်းကျေးရွာ၌ နေ့လည်(၂း၃၀)နာရီမှ (၃း၃၀)နာရီထိ ကျေးရွာသူ၊ ကျေးရွာသား(၅၀)ဦးရေခန့့်အား ငလျင်ဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး
-
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီအစည်းအဝေး(၁/၂၀၁၈)ကျင်းပမှုသတင်း
================================================= ၇-၂-၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီအစည်းအဝေး(၁/၂၀၁၈)ကို (၇-၂-၂၀၁၈) ရက်နေ့၊ မွန်းလွဲ(၁)နာရီတွင် ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာ စကားြေပာကြားခဲ့ပါသည်။ ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီက ချမှတ်ထားသည့် မူဝါဒ(၄)ရပ်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ထားမှုများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း(၂၀၁၃-၂၀၂၂) (NSPAW) ကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် နိုင်ငံတော်၏ဦးစားပေးကဏ္ဍများဖြစ်သည့် … Read more
-
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအလုပ်ရုံဆွေးေနွးပွဲကျင်းပခြင်း
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ PARKROYAL HOTEL တွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်အမှာစကား ပြောကြားပါသည်။ ဒုတိယ၀န်ကြီးကပြောကြားရာတွင် မိမိတို့အစိုးရသစ်အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတုိးတက်ရေးတို့ကို တစ်နိုင်ငံလုံး အတိုင်းအတာြဖင့် အလေးထားဆောင်ရွက်ခဲ့ပြီး ရခိုင် ပြည်နယ်၏ဖြစ်ပေါ်နေသည့်အခြေအနေများအရ ရခိုင်ပြည်နယ်အရေးကို အမျိုးသားဦးစားပေး လုပ်ငန်းစဥ်တစ်ရပ်အနေဖြင့် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်၊ မေလကပင်စတင်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သော ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီကိုဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ထို့နောက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင် … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၂-၂၀၁၈) ရက်နေ့တွင် အ.ထ.က ကဒက်ကြီး လောင်းလုံးမြို့နယ်၌ ကျောင်းသားကျောင်းသူအင်အား (၃၀၀)ဦးအား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပြီး ဗလာစာအုပ်၊ ဘောလ်ပင်နှင့် လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၂-၂၀၁၈) ရက်နေ့တွင် အ.ထ.က သပြေရှောင် လောင်းလုံးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူအင်အား (၃၀၀)ဦးအား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောခြင်း၊ ဗလာစာအုပ်၊ ဘောလ်ပင်နှင့် ဗီနိုင်းပိုစတာဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး









