
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ PARKROYAL HOTEL တွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်အမှာစကား ပြောကြားပါသည်။
ဒုတိယ၀န်ကြီးကပြောကြားရာတွင် မိမိတို့အစိုးရသစ်အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတုိးတက်ရေးတို့ကို တစ်နိုင်ငံလုံး အတိုင်းအတာြဖင့် အလေးထားဆောင်ရွက်ခဲ့ပြီး ရခိုင် ပြည်နယ်၏ဖြစ်ပေါ်နေသည့်အခြေအနေများအရ ရခိုင်ပြည်နယ်အရေးကို အမျိုးသားဦးစားပေး လုပ်ငန်းစဥ်တစ်ရပ်အနေဖြင့် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်၊ မေလကပင်စတင်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သော ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီကိုဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ထို့နောက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင် နှင့်မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်တို့ကိုဖွဲ့စည်းခဲ့ပြီး ၄င်းတို့၏ အကြံပြု ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့နောက် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးပြည်ထောင်စုစီမံကိန်း(UEHRD)ကို ၂၀၁၇ခုနှစ်၊ အောက်တိုဘာလမှစတင် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ရခိုင်ပြည်နယ်ရှိ မည်သူ ကိုမဆို လူမျိုးဘာသာခွဲခြားမှုမရှိဘဲ အထောက်အပံံ့များ ပေးအပ်ရန်အတွက် UEHRDမှတဆင့် အကူအညီများ လက်ခံနေပြီဖြစ်ကြောင်းကို ကြေညာ ထားပြီးဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တိမ်းရှောင်သွားသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းများကို မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက်များနှင့်အညီ မြန်မာနိုင်ငံတွင်အမှန်တကယ်နေထိုင်ခဲ့သည့် မိမိဆန္ဒအလျောက် နေရပ်ပြန်လာမည့်သူများကို လက်ခံရေး အတွက် ပြန်လည်ကြိုဆိုရေးစခန်း(၂)ခုနဲ့ ကြားစခန်း (၁)ခုထားရှိကာ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး လက်ခံရန်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုကိုဦးတည်သည့် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကို အလေးထားဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် တခြားသောနိုင်ငံများ၏ အလားတူ ဖြစ်ပွားခဲ့သည့် အတွေ့အကြုံများကိုအြေခခံပြီး လေ့လာသုံးသပ်ရန်လိုအပ်ကြောင်း၊ ဒီကေန့ အလုပ်ရုံ ဆွေးနွေးပွဲတွင် ရခိုင်အရေးကဲ့သို့ြေဖရှင်း ဆောင်ရွက် ခဲ့ရသည့် နိုင်ငံတကာ၏အတွေ့အကြုံများကို လေ့လာသုံးသပ်ဖို့၊ စီမံကိန်းရေးဆွဲခြင်းနှင့် ငွေကြေးဆိုင်ရာများနှင့်ပတ်သက်ပြီး သိရှိနားလည်ဖို့နဲ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရှေ့ဆက်ရမည့်လုပ်ငန်းစဥ်များကို သတ်မှတ်ဖို့ဆိုသည့် ရည်ရွယ်ချက်(၃)ရပ်နဲ့အတူ ရခိုင်ပြည်နယ်အရေးတွင် အစိုးရ၏ကြိုးပမ်းအားထုတ်မှုများကို သိရှိစေလို သည့်အနေဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပမှ မိတ်ဖက် အဖွဲ့အစည်းများ အနေဖြင့်လည်း ရခိုင်အရေးနှင့်ပတ်သက်၍ အစိုးရ၏ လက်ရှိတုံ့ပြန်ဆောင်ရွက်နေမှုများအပေါ် နားလည်မှုရှိလိမ့်မည်ဟု မျှော်လင့်ပါကြောင်းပြောကြားပါသည်။
ဆက်လက်၍ UEHRD ၏ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခဒေါက်တာအောင်ထွန်းသက်က ရခိုင် ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ဖွဲ့စည်းဆောင်ရွက်မှုအခြေအနေ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် လက်ရှိ ရခိုင်အရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာ၀န်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာ၀န်ရှိ သူများ၊ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၊ UN, INGOs, NGOsများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို (၂) ရက်တာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။
Source: MSWRR