သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၇-၂-၂၀၁၈) ရက်နေ့ တွင် သရက်မြို့နယ်၊ ရေဘွက်ကျေးရွာအုပ်စု၊ ရေဘွက်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူလူထု(၁၀၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတက်ရောက်သူများအား Win ဆပ်ပြာမှုန့်ထုပ်များနှင့် လက်ကမ်းစာစောင်များဝေငှခြင်း၊ DAN Application အသုံးပြုပုံနည်းစနစ်များဖြန့်ဝေခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ (မီးဘေး၊ရေဘေး၊မုန်တိုင်းဘေး၊ငလျင်ဘေးနှင့် မိုးကြိုးဘေး) ဆိုင်ရာ နံရံကပ်ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါ သည်။

Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events