မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီအစည်းအဝေး(၁/၂၀၁၈)ကျင်းပမှုသတင်း

8_Pic_03

8_Pic_04

=================================================
၇-၂-၂၀၁၈၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီအစည်းအဝေး(၁/၂၀၁၈)ကို (၇-၂-၂၀၁၈) ရက်နေ့၊ မွန်းလွဲ(၁)နာရီတွင် ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာ စကား‌ြေပာကြားခဲ့ပါသည်။

ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီက ချမှတ်ထားသည့် မူဝါဒ(၄)ရပ်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ထားမှုများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း(၂၀၁၃-၂၀၂၂) (NSPAW) ကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် နိုင်ငံတော်၏ဦးစားပေးကဏ္ဍများဖြစ်သည့် ငြိမ်းချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်လုပ်မှုစွမ်းအားမြှင့်တင်ရေး၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေးနှင့် သဘာဝဘေးအန္တရာယ်ကို ခံနိုင်ရည်စွမ်းအား မြင့်မားစေရေးတို့တွင် ကော်မတီ၏ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီ၏ အမည်ပြောင်းလဲခြင်း၊ ကော်မတီ၏ Logo ပြောင်းလဲခြင်း၊ အဖွဲ့ဝင်တိုးမြှင့်ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ရမည့်လုပ်ငန်းစဉ်များနှင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကျင်းပရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီ အမည်နှင့် Logo ကို အတည်ပြုခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ အမျိုးသားလွှတ်တော်မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။ ယနေ့အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီ၏အမည်ကို မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဟု ပြောင်းလဲသတ်မှတ်ရန် သဘောတူခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events