Category Archives: News
-
ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၌ မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၂-၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၌ မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်ခဲ့ရာ သင်တန်းသား(၄၀)ဦးတက်ရောက်ခဲ့ပါကြောင်း သင်တန်းကာလမှာ (၂)ရက်တာကြာမြင့်ဖြစ်ပြီး ပေါင်းလောင်းမြို့ပေါ်ရှိ ရပ်ကွက် (၆)ခုနှင့် ကျေးရွာအုပ်စု(၂)စုတွင် ယခုနှစ်နွေရာသီကာလ၌ လေပြင်းဘေးကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ရပ်ကွက်/ကျေးရွာအုပ်စုတစ်စုလျှင် သင်တန်းသား(၅)ဦးနှုန်းဖြင့် ပညာပေးဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါ သည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၂-၂၀၁၈)ရက်နေ့တွင် သရက်မြို့နယ်၊ မိုးနတ်ကုန်းကျေးရွာအုပ်စု၊ တဇီးကောက်ကျေးရွာသို့သွားရောက်၍ ကျေးရွာပြည်သူလူထု (၂၁၀)ဦး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဆပ်ပြာမှုန့်ထုပ်များ၊ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်း ပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ကြာအင်း အုပ်စု ကံဆယ်ကျေးရွာ (၅-၂-၂၀၁၈)ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ မီးလောင်ကျွမ်းပျက်စီးခဲ့သော ဝါးအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေ(၁၀၀၀၀၀/-)ကျပ်၊ မီးဘေးသင့်ပြည်သူ(၃)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၆၃၀၀/-)ကျပ် စုစုပေါင်းရန်ပုံငွေ (၁၀၆၃၀၀/-)ကျပ်အား ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၇-၂-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာ၌ (၅-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁၅) စု၊ လူဦးရေ (၅၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၅၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၂၃,၉၀၀) ကျပ်တို့အား (၈-၂-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၂-၂၀၁၈)ရက်နေ့တွင် မုံရွာမြို့၊ စက်မှုဇုံရပ်ကွက်၌ ဖြစ်ပွားသော မီးဘေးသင့်နေအိမ်(၁)လုံးမှ လူဦးရေ (၅)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၀၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၀၅၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့အား (၈-၂-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက် ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန်ရတနာနယ် မြေရှိ ရေမဆေးကျောက်ရှာဖွေသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ (၈-၂-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့တဲအိမ် (၁၄) လုံးအတွက် (၁) လုံးလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၃၃၀,၀၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:ခန္တီးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၂-၂၀၁၈) ရက်နေ့တွင် ကသာမြို့နယ်၊ ကလုံးကျေးရွာမှ ပြည်သူလူထု (၁၃၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လူငယ်ရေးရာမူဝါဒဆိုင်ရာလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးတိုက်တွန်း
၈-၂-၂၀၁၈၊ နေပြည်တော် Danish Institute for Parties and Democracy (DIPD) မှ ဦးဆောင်၍ ပါတီစံ ဒီမိုကရေစီ အစီအစဉ်တွင်ပါဝင်သော နိုင်ငံရေးပါတီပေါင်းစုံမှ လူငယ် (၄၀) ဦးတို့အား လူငယ်ရေးရာမူဝါဒလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်က ဝန်ကြီးရုံးရှိ လူမှုဝန်ထမ်းဦးစီးဌာန အစည်းအေဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်နှုတ်ခွန်းဆက် စကားပြောကြားရာတွင် “လူငယ်များ၏ ကြိုးပမ်းမှုကြောင့် ယခုအခါ လူငယ်များကိုယ်တိုင်ရေးဆွဲသော လူငယ် ရေးရာမူဝါဒပေါ်ထွက်လာပြီးဖြစ်ပါကြောင်း၊ ယခုရောက်ရှိလာကြသောလူငယ်များသည် လူငယ်မူဝါဒ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆိပ်ဖြူမြို့၊ ယောဝရပ်ကွက်၊ ရွှေဂူ ရပ်တွင် (၇-၂-၂၀၁၈) ရက်နေ့၌ မီးဘေးဖြစ်ပွားခဲ့ရာ မီးဘေးသင့်ခဲ့သော အိမ်ခြေ (၁) လုံး၊ အိမ် ထောင်စု (၁) စု၊ လူဦးရေ (၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၄၇၀၀ိ/-) ကျပ်တို့အား (၈-၂-၂၀၁၈) ရက်နေ့တွင် ဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ ကျွန်းစု မြို့နယ်၊ ကပကျေးရွာအုပ်စု၊ ပသုတ်ကျွန်းကျေးရွာ၌ (၆-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုး ငွေ (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀) ကျပ်နှင့် ဆေးရုံတက် ဒဏ်ရာရလူနာ (၄) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် … Read more









