လူငယ်ရေးရာမူဝါဒဆိုင်ရာလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးတိုက်တွန်း

၈-၂-၂၀၁၈၊ နေပြည်တော်
Danish Institute for Parties and Democracy (DIPD) မှ ဦးဆောင်၍ ပါတီစံ ဒီမိုကရေစီ အစီအစဉ်တွင်ပါဝင်သော နိုင်ငံရေးပါတီပေါင်းစုံမှ လူငယ် (၄၀) ဦးတို့အား လူငယ်ရေးရာမူဝါဒလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်က ဝန်ကြီးရုံးရှိ လူမှုဝန်ထမ်းဦးစီးဌာန အစည်းအေဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်နှုတ်ခွန်းဆက် စကားပြောကြားရာတွင် “လူငယ်များ၏ ကြိုးပမ်းမှုကြောင့် ယခုအခါ လူငယ်များကိုယ်တိုင်ရေးဆွဲသော လူငယ် ရေးရာမူဝါဒပေါ်ထွက်လာပြီးဖြစ်ပါကြောင်း၊ ယခုရောက်ရှိလာကြသောလူငယ်များသည် လူငယ်မူဝါဒ အကောင်အထည်ဖော်ရာတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ရဲဘော်စိတ်ဖြင့် ဆက်ဆံ ကြစေလိုကြောင်း၊ ယနေ့လူငယ်များသည် နောင်တွင်လူကြီးများ ဖြစ်လာကြမည်ဖြစ်၍ မိမိတို့၏ ဆောင်ရွက် ချက်များကို ကောင်းမွေအဖြစ်ထားရှိနိုင်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

Sign Up

Upcoming Events