လေဘေးထောက်ပံ့မှုသတင်း

8 Pic 02

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ ကျွန်းစု မြို့နယ်၊ ကပကျေးရွာအုပ်စု၊ ပသုတ်ကျွန်းကျေးရွာ၌ (၆-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုး ငွေ (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀) ကျပ်နှင့် ဆေးရုံတက် ဒဏ်ရာရလူနာ (၄) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၂၀၀,၀၀၀) ကျပ်၊ သေဆုံးသူ (၃) ဦးအတွက် တစ်ဦးလျှင် (၃၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၉၀၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၂၀၈,၄၀၀) ကျပ်တို့အား (၈-၂-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events