Category Archives: News
-
နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ထောက်ပံ့ပေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခန္တီးခရိုင်ဦးစီးမှူးရုံးမှ နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၁၆-၂-၂၀၁၈) နေ့တွင် ပြောင်းရွှေ့တဲအိမ် (၁၉) လုံးအတွက် တစ်တဲလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၅၇၀၀၀၀) ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source : ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သစ်ကိုင်းကျိုးမှုကြောင့် ပျက်စီးဆုံးရှုံးသည့်နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ မြို့ပတ် (၁) လမ်းတွင် (၁၅-၂-၂၀၁၈ )ရက်နေ့၌ သစ်ကိုင်းကျိုး ကျခဲ့ရာမှ လူနေအိမ် ၃ လုံးထိခိုက်၍အချို့ပျက်စီးခဲ့ရာ (၁၆.၂.၂၀၁၈) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တစ်ချို့တစ်ဝက် ပျက်စီးခဲ့သော နေအိမ် (၃) လုံးအတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်အား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူး၊ အမှတ် (၅) ရပ်ကွက် အုပ်ချုပ် ရေးမှူးတို့မှ … Read more
-
မြေငလျင်၊ မီးဘေးအန္တရာယ်ဟောပြောပွဲနှင့် သရုပ်ပြပွဲများ ကျင်းပပြုလုပ်မှုသတင်း
(၁၆-၂-၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဦးစီးပြီး မီးသတ်ဦးစီးဌာန၊မြန်မာနိုင်ငံမြေငလျင်ကော်မတီနှင့် UN-Habitat တို့ပူးပေါင်းပြီး မြန်မာနိုင်ငံကုန်သည် များ နှင် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ UMFCCI ရုံး၊ မင်းရဲကျော်စွာလမ်း ၊ လမ်းမတော်မြို့နယ်တွင် ကုမ္ပဏီများ၊ ဟိုတယ်နှင့် ကိုယ်ပိုင်ဆေးရုံများမှ ဝန်ထမ်း (၁၅၀)ဦးခန့်အား မြေငလျင်၊ မီးဘေးအန္တရာယ် ဟောပြောပွဲနှင့် သရုပ်ပြပွဲအား ပြုလုပ်ပေးခဲ့ပါကြောင်း သိရှိရပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ဟင်္သာတခရိုင်အတွင်း ကမ်းပြိုဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းကျေးရွာအုပ်စု ရေလယ်ကျွန်းကျေးရွာ (၁၄-၂-၂၀၁၈)နေ့ဖြစ်ပွားသော ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရသော ကမ်းပြိုဘေးသင့်အိမ်ထောင်စု (၁၈) စုအား ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (တန်ဖိုး-၁၈၅၁၀၀ိ/-) ကို (၁၆-၂-၂၀၁၈) နေ့တွင် ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်၍ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်း ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၂-၂၀၁၈)ရက်နေ့တွင် မအူပင်မြို့နယ်၊ ကဝက္ကင်းကျေးရွာအုပ်စု ကဝက္ကင်းကျေးရွာတွင် ပြည်သူ (၁၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြော ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် မုန့်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေလုပ်သားများအတွက် ကွင်းတားငါးဖမ်းပိုက်များ ထောက်ပံ့ပေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၈)ရက်နေ့တွင် ကော့သောင်း၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ အမှန်ကယ်လိုအပ်လျက်ရှိသော ရေလုပ်သားများအတွက် ကွင်းတားငါးဖမ်း ပိုက်များပေးအပ်ခဲ့ရာ ကြိမ်နီတောင်ကျေးရွာအတွက် (၁၁)ခု၊ ကမားချောင်းကျေးရွာအတွက် (၁၀)ခုနှင့် အုန်းတော ကမ်းကျေးရွာ အတွက် (၁၀) ခု စုစုပေါင်း (၃၁)ခုအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၈)ရက်နေ့တွင် ကော့သောင်း၊ ဘုတ်ပြင်းမြို့အလယ်မန်ကျေးရွာ မီးဘေးသင့် အိမ်ထောင်စုတစ်စုမှ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၄၇၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း (၁၁၄၇၀၀/-)ကျပ်အား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၆-၂-၂၀၁၈) ရက်နေ့ (၁၂း၄၅) အချိန်မှ (၁၃း၃၀) နာရီအချိန်အထိ ဇမ္ဗူသီရိမြို့နယ်၊ အလျင်လို ကျေးရွာ၌ ပြည်သူလူထု (၂၀၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြု လုပ်ခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၂-၂၀၁၈)ရက်နေ့တွင် ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာတွင် ရွာသူ၊ ရွာသား (၂၀၀)ဦးနှင့် ကမာဘီကျေးရွာတွင် ရွာသူ၊ ရွာသား(၅၀)ဦးတို့အား သဘာဝ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၂၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက် လာသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများ ဖြန့်ဝေပေးခြင်းနှင့် မုန့်များ၊ ရေသန့် ဘူးများ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ဥရောပပါလီမန်၊ လူ့အခွင့်အရေးဆပ်ကော်မတီဥက္ကဌဖြစ်သူMr. Pier Antonio Panzeri ဦးဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံ
၁၆-၂-၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ဥရောပပါလီမန်၊ လူ့အခွင့်အရေးဆပ်ကော်မတီဥက္ကဌဖြစ်သူ Mr. Pier Antonio Panzeri ဦးဆောင်သောအဖွဲ့က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ၊ ဖွံ့ဖြိုးမှုနည်းပါးသော ရခိုင်ပြည်နယ်အား ဦးစားပေးအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများ၊အကြမ်းဖက်မှုများကြောင့် ထိခိုက်ခံစားရသူများ အတွက် လူသားချင်းစာနာမှုအကူအညီများအားမိတ်ဖက်နိုင်ငံများ၊ မိတ်ဆွေအဖွဲ့အစည်းများ၊ ပြည်သူများ၏ အကူအညီဖြင့် ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်၍ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှု နှင့်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီတည်ထောင်ထားပြီး … Read more









