ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၂-၂၀၁၈)ရက်နေ့တွင် မအူပင်မြို့နယ်၊ ကဝက္ကင်းကျေးရွာအုပ်စု ကဝက္ကင်းကျေးရွာတွင် ပြည်သူ (၁၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြော ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် မုန့်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)