မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ မြို့ပတ် (၁) လမ်းတွင် (၁၅-၂-၂၀၁၈ )ရက်နေ့၌ သစ်ကိုင်းကျိုး ကျခဲ့ရာမှ လူနေအိမ် ၃ လုံးထိခိုက်၍အချို့ပျက်စီးခဲ့ရာ (၁၆.၂.၂၀၁၈) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တစ်ချို့တစ်ဝက် ပျက်စီးခဲ့သော နေအိမ် (၃) လုံးအတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်အား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူး၊ အမှတ် (၅) ရပ်ကွက် အုပ်ချုပ် ရေးမှူးတို့မှ အိမ်ပိုင်ရှင်များ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသိရှိရပါသည်။
Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)