လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ဥရောပပါလီမန်၊ လူ့အခွင့်အရေးဆပ်ကော်မတီဥက္ကဌဖြစ်သူMr. Pier Antonio Panzeri ဦးဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံ

၁၆-၂-၂၀၁၈၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ဥရောပပါလီမန်၊ လူ့အခွင့်အရေးဆပ်ကော်မတီဥက္ကဌဖြစ်သူ Mr. Pier Antonio Panzeri ဦးဆောင်သောအဖွဲ့က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ၊ ဖွံ့ဖြိုးမှုနည်းပါးသော ရခိုင်ပြည်နယ်အား ဦးစားပေးအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများ၊အကြမ်းဖက်မှုများကြောင့် ထိခိုက်ခံစားရသူများ အတွက် လူသားချင်းစာနာမှုအကူအညီများအားမိတ်ဖက်နိုင်ငံများ၊ မိတ်ဆွေအဖွဲ့အစည်းများ၊ ပြည်သူများ၏ အကူအညီဖြင့် ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်၍ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှု နှင့်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီတည်ထောင်ထားပြီး လုပ်ငန်းကော်မတီများ ဖွဲ့စည်း ၍ ၂၀၁၆ခုနှစ်၊ မေလမှစတင်၍ အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုများ၊ UEHRD၏ ရည်ရွယ်ချက် များဖြစ်သည့် လူသားချင်းစာနာမှုအကူအညီများထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင် ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ အကြံပြုချက်များဖြစ်သည့် နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်များကို ဥပဒေနှင့် အညီခံစားရရှိစေရန် အကောင်အထည်ဖေါ်နေမှုများ၊ ၂၀၁၇ ခုနှစ်ကတည်းကရှိခဲ့သော IDPစခန်းများ ပိတ်သိမ်း ရေးကြိုးပမ်းနေမှုများ၊ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးစခန်းများတွင် စီစဉ်ထားရှိ ဆောင်ရွက်မည့်လုပ်ငန်းများ၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံ တကာစံနှုန်းများနှင့်အညီအကောင်အထည်ဖေါ်လျက်ရှိသည့် ကျေးရွာစီမံကိန်းများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားသောနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR)၏ ပါဝင်မှုနှင့် အခြားကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ သည့်အစီအစဉ်များအား ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events