(၁၆-၂-၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဦးစီးပြီး မီးသတ်ဦးစီးဌာန၊မြန်မာနိုင်ငံမြေငလျင်ကော်မတီနှင့် UN-Habitat တို့ပူးပေါင်းပြီး မြန်မာနိုင်ငံကုန်သည် များ နှင် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ UMFCCI ရုံး၊ မင်းရဲကျော်စွာလမ်း ၊ လမ်းမတော်မြို့နယ်တွင် ကုမ္ပဏီများ၊ ဟိုတယ်နှင့် ကိုယ်ပိုင်ဆေးရုံများမှ ဝန်ထမ်း (၁၅၀)ဦးခန့်အား မြေငလျင်၊ မီးဘေးအန္တရာယ် ဟောပြောပွဲနှင့် သရုပ်ပြပွဲအား ပြုလုပ်ပေးခဲ့ပါကြောင်း သိရှိရပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)