Category Archives: News
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် ဂျာမနီသံအမတ်ကြီးတို့ သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း
၂၆-၂-၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H. E. Mr. VikramMisri နှင့် ဂျာမနီနိုင်ငံ သံအမတ်ကြီး H.E. Mrs. DorotheeJanetzke-Wenzel တို့က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီလာရောက်တွေ့ဆုံခဲ့ပါသည်။ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနှင့်အိန္ဒိယ နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့သည့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်သဘောတူညီချက်အရ အိန္ဒိယ နိုင်ငံပိုင် Hindustan Prefab Ltd., မှ ကနဦးစီမံကိန်းအဖြစ် … Read more
-
မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၅၁) ရပ်ကွက်၊ အောင်သစ္စာလမ်းတွင် (၂၃-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၃၆) လုံး၊ အိမ်ထောင်စု (၃၆) စုမှ လူဦးရေ (၁၅၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇,၂၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃၆) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၂၇,၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇,၅၂၇,၆၀၀) … Read more
-
ငလျင်ဘေးအန္တရာယ်သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၆-၂-၂၀၁၈) ရက်နေ့(၁၀း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်အထိ ပျဉ်းမနားမြို့နယ်၊ ရွှေချီရပ်ကွက်၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၃၀၀)ဦးတို့ နှင့်အတူပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက် လေ့ကျင့်ခန်းအား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မင်းကွက် (၂) ရပ်ကွက်၊ တာပွန်လမ်း၌ (၂၃-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၂) လုံး အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ပလပ်စတစ်ပုံးပါ (၄) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် လူဦရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀) ကျပ်တို့အား (၂၆-၂-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေး … Read more
-
မြေငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၂-၂၀၁၈) ရက်နေ့ (၀၈း၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ခေတ္တရာမြို့သစ် (၈) လမ်းနှင့် မင်္ဂလာရွှေပြည်ခရိုင်အားကစားဝန်း၌ မြို့ပေါ် (၈) ရပ်ကွက်ရှိ ပြည်သူများ၊ ပြည်မြို့နယ် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့၊ မြို့နယ် ထွေ/အုပ်၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ လျှပ်စစ်၊ မြို့နယ်စည်ပင်၊ ပြန်/ဆက်၊ ပညာရေး၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ ခေတ္တရာလူငယ်အသင်း၊ မိုးမေတ္တာနာရေးကူညီမှုအသင်း၊ ကြက်ခြေနီ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်း အင်အား (၃၀၀) ဦးခန့် ဖြင့် … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၂-၂၀၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့နှင့်ပူးပေါင်း၍ ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းအား တောင်ကြီး တက္ကသိုလ်မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ငလျင်အသိပညာပေးဟောပြောခြင်း ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ဟောပြောခြင်း တက္ကသိုလ်ကျောင်းသား/သူများမှ ကွင်းပြင်တွင် နေရာယူမှု သရုပ်ပြသခြင်း၊ မီးသတ်နှင့် ကြက်ခြေနီတို့မှ ရှာဖွေ ကယ်ဆယ်ခြင်း ရှေးဦးပြုစုခြင်းများအား သရုပ်ပြသခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာများ UN, NGO, INGO နှင့် လူမှုရေးအသင်းအဖွဲ့များ တက္ကသိုလ် ကျောင်းသား/ ကျောင်းသူများ အင်အား … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၂-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ တောင်ကြီးပညာရေးကောလိပ်၌ လူဦးရေ(၇၀၀)ခန့်အား သဘာဝဘေးအသိပညာပေး ဟောပြောခြင်း၊ ရှာဖွေကယ်ဆယ်ရေးသရုပ်ပြသခြင်းများဆောင်ရွက်ခြင်း၊ ငလျင်ပညာပေးမေးခွန်းတိုများမေးမြန်းခြင်း၊ အသိပညာပေး ပြခန်းပြသခြင်းနှင့် ဆရာ/ဆရာမ၊ ကျောင်းသား/သူများမှ ငလျင်ဇာတ်တိုက်လေ့ကျင့်နေရာယူခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြောင်းရွှေ့တဲအိမ်များအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာ ဖွေသူများအား ပြန်လည်နေရာချထားပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၂၄-၂-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့တဲအိမ် (၁၂)လုံးအတွက် တစ်တဲလျှင် (၃၀၀၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်း (၃၆၀၀၀၀/-) ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်အတွင်း ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့သော ကျေးရွာများသို့ ပြည်ထောင်စုဝန်ကြီး ကွင်းဆင်းကြည့်ရှုပြီး ထောက်ပံ့အားပေးမှုများပြုလုပ်
၂၄-၂-၂၀၁၈ ၊ ပဲခူးမြို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများတွေ့ဆုံ၍ ပြည်သူကို တိုက်ရိုက်အကျိုးရှိစေမည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ မသန်စွမ်းများ၏ အခွင့်အရေးဖော်ဆောင်ရွက်ရေး လုပ်ငန်းများ နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိပြည်သူများအတွက် နိုင်ငံတော် အစိုးရနှင့် တိုင်းဒေသကြီးအစိုးရတို့ ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်ကြမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ … Read more
-
UEHRD စီမံကိန်းလုပ်ငန်းများအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုသတင်း
၂၃-၂-၂၀၁၈၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးပြည်ထောင်စု စီမံကိန်း (UEHRD)၏ လုပ်ငန်းများဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌ၊ ဦးရုံးမူ နှင့်အဖွဲ့မှ လှူဒါန်းငွေကျပ် သိန်း(၅၀၀၀)ကို ယနေ့နေ့လည်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်ပေးအပ်လှူဒါန်းရာ UEHRD ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: MSWRR









