
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၂-၂၀၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့နှင့်ပူးပေါင်း၍ ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းအား တောင်ကြီး တက္ကသိုလ်မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ငလျင်အသိပညာပေးဟောပြောခြင်း ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ဟောပြောခြင်း တက္ကသိုလ်ကျောင်းသား/သူများမှ ကွင်းပြင်တွင် နေရာယူမှု သရုပ်ပြသခြင်း၊ မီးသတ်နှင့် ကြက်ခြေနီတို့မှ ရှာဖွေ ကယ်ဆယ်ခြင်း ရှေးဦးပြုစုခြင်းများအား သရုပ်ပြသခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာများ UN, NGO, INGO နှင့် လူမှုရေးအသင်းအဖွဲ့များ တက္ကသိုလ် ကျောင်းသား/ ကျောင်းသူများ အင်အား (၅၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)