

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၂-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ တောင်ကြီးပညာရေးကောလိပ်၌ လူဦးရေ(၇၀၀)ခန့်အား သဘာဝဘေးအသိပညာပေး ဟောပြောခြင်း၊ ရှာဖွေကယ်ဆယ်ရေးသရုပ်ပြသခြင်းများဆောင်ရွက်ခြင်း၊ ငလျင်ပညာပေးမေးခွန်းတိုများမေးမြန်းခြင်း၊ အသိပညာပေး ပြခန်းပြသခြင်းနှင့် ဆရာ/ဆရာမ၊ ကျောင်းသား/သူများမှ ငလျင်ဇာတ်တိုက်လေ့ကျင့်နေရာယူခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)