၂၆-၂-၂၀၁၈၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H. E. Mr. VikramMisri နှင့် ဂျာမနီနိုင်ငံ သံအမတ်ကြီး H.E. Mrs. DorotheeJanetzke-Wenzel တို့က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီလာရောက်တွေ့ဆုံခဲ့ပါသည်။
အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနှင့်အိန္ဒိယ နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့သည့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်သဘောတူညီချက်အရ အိန္ဒိယ နိုင်ငံပိုင် Hindustan Prefab Ltd., မှ ကနဦးစီမံကိန်းအဖြစ် ရခိုင်ပြည်နယ်ရှိ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အသင့်တပ်ဆင်အသုံးပြုနိုင်သည့် လူနေအိမ်ဆောက် လုပ်ရေးပစ္စည်းများ (Pre-FabricatedHouse) ထုတ်လုပ်တပ်ဆင်ရေးလုပ်ငန်းများ၊ လူနေအိမ်ယူနစ်အလုံး (၂၅၀)အားအိန္ဒိယကျွမ်းကျင်ပညာရှင်များမှ လာရောက်၍ ဒေသခံဆောက်လုပ်ရေးကန်ထရိုက်တာအဖွဲ့များ နှင့်အတူ ပထမအဆင့်အနေဖြင့် ဆောက်လုပ်မည့်ကိစ္စများ၊ လိုအပ်ချက်ပေါ်မူတည်၍ အိမ်ရာယူနစ်အရေ အတွက် တိုးမြှင့်ဆောက်လုပ်နိုင်ရေးကိစ္စများ၊ ဒုတိယအဆင့်အနေဖြင့် ဒေသခံများအား အဆိုပါအိမ်ရာများ ဆောက်လုပ်သည့် နည်းပညာကိုသင်ကြားပေးမည့်အစီအစဉ်များ၊ အဆိုပါစီမံကိန်းအတွက် တင်ပြလာသည့် နည်းပညာဆိုင်ရာအဆိုပြုလွှာပါ အချက်အလက်များ၊ အိမ်ရာများဆောက်လုပ်ပေး စေလိုသည့် ကျေးရွာများ အားသတ်မှတ်ပေးနိုင်ရေးကိစ္စများ၊ ဓလေ့ထုံးတမ်းအစဉ်အလာပေါ်မူတည်၍ ဒေသခံ လူနေအိမ်ဖွဲ့စည်းပုံများ လေ့လာနိုင်ရေး၊ ကျေးရွာအစည်းအဝေးခန်းမနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းများထောက်ပံ့နိုင်ရေး၊ လူနေအိမ်များဆောက်လုပ်ရာတွင် ဒေသခံများပါဝင်လုပ်ကိုင်နိုင်ရေး၊ ဒေသခံများအား အိမ်ဆောက်နည်း ပညာများ လွှဲပြောင်းပေးနိုင်ရေး၊ လိုအပ်သော ပစ္စည်းကိရိယာများအား စီမံကိန်းနှင့် အနီးဆုံးနေရာ ပို့ဆောင် သယ်ယူနိုင်ရေး၊ ရခိုင်ပြည်နယ်၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့်အတူ တည်ငြိမ်အေးချမ်းရေးအတွက် အိန္ဒိယနိုင်ငံအနေဖြင့် ကူညီပံ့ပိုးနိုင်ရန် UEHRD နှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့်ကိစ္စများအား ဆွေးနွေး ခဲ့ပါသည်။