မြေငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း

25 Pic 02
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၂-၂၀၁၈) ရက်နေ့ (၀၈း၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ခေတ္တရာမြို့သစ် (၈) လမ်းနှင့် မင်္ဂလာရွှေပြည်ခရိုင်အားကစားဝန်း၌ မြို့ပေါ် (၈) ရပ်ကွက်ရှိ ပြည်သူများ၊ ပြည်မြို့နယ် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့၊ မြို့နယ် ထွေ/အုပ်၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ လျှပ်စစ်၊ မြို့နယ်စည်ပင်၊ ပြန်/ဆက်၊ ပညာရေး၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ ခေတ္တရာလူငယ်အသင်း၊ မိုးမေတ္တာနာရေးကူညီမှုအသင်း၊ ကြက်ခြေနီ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်း အင်အား (၃၀၀) ဦးခန့် ဖြင့် ငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ ရပ်ကွက်နေပြည်သူများ လာရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။

Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events