Category Archives: News
-
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရမ်းမြို့နှင့် သုံးခွမြို့နယ်ဦးစီးမှူးရုံးများဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၁၈)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ခရမ်းမြို့နှင့် သုံးခွမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ဖိတ်ကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးများဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပေးပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ သည် (၂၁-၃-၂၀၁၈) ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာအုပ်စု၊ စခန်း သစ်ကျေးရွာ၌ သဘာဝဘေးနှင့်ပတ်သတ်သည့် ဆောင်ရန်၊ ရှောင်ရန်များအား ဆွေးနွေးဟောပြောကြားခဲ့ရာ တက်ရောက်သူလူဦးရေ စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဆပ်ပြာမှုန့်ထုပ်၊ ရေသန့်ဆေး ဘူး(၂၄၀) ထုပ်ပါ (၅) ဘူး၊ လေပြင်းဘေးဗွီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ ဝေငှပေးခြင်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကျေးရွာများတွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး အိုးအိမ်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၁၈)ရက်နေ့တွင် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ လေးဂွကြီးကျေးရွာနှင့် ဘင်္ဂလားလေးကျေးရွာတို့၌ လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော နေအိမ်များပြု ပြင်ပေးခြင်း၊ အိမ်အနီးရှိကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် ဗွီနိုင်းပိုစတာစိုက်ထူခြင်း၊ လက်ကမ်းစာဆောင်နှင့် နံရံကပ်ပိုစတာဖြန့်ဝေခြင်းလုပ်ငန်းများအား ကျေးရွာကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၃-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းအုပ်စု၊ လက်ပံစုကျေးရွာမှ ပြည်သူလူထု (၆၀) ဦးအား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ အသိပညာပေးလက်ကမ်း စာစောင် များဖြန့်ဝေပေးခြင်းနှင့် ရေသန့်ဆေးထုပ်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်နှင့် ကာလိမြို့နယ်တို့အတွင်း လေပြင်းတိုက်ခတ်မှုအခြေအနေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုအခြေအနေ
ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်အတွင်း ရပ်ကွက်(၆)ခုနှင့် ကာလိမြို့နယ်အတွင်း ရပ်ကွက်(၄)ခုတို့၌ (၁၀-၃-၂၀၁၈) နေ့ (၁၆း၃၀) အချိန်တွင် အချိန်အခါမဟုတ်မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီး ကြွေကျခြင်းတို့ကြောင့် နေအိမ် (၄) လုံးပြိုကျပျက်စီးကာ နေအိမ် (၉၀) လုံး၊ ဘုန်းတော်ကြီးကျောင်း (၄) ကျောင်းနှင့် စာသင်ကျောင်း (၁) ကျောင်းတို့ အမိုးလန်ပျက်စီးခဲ့ပြီး လူ (၃) ဦးဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါ လေပြင်းဘေးသင့်ပြည်သူများအတွက် တန်ဖိုးငွေ(၁၆၁,၄၁၂) ရှိ ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး (၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းနှင့် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ … Read more
-
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)အတွက် ပြည်ပရောက်မြန်မာနိုင်ငံသားများက မြန်မာသံရုံးများမှတစ်ဆင့်လှူဒါန်း
၁၂-၃-၂၀၁၈ နေပြည်တော် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေချထားရေး၊ ဖွံ့ဖြိုးရေးပြည်ထောင်စုစီမံကိန်း(UEHRD)၏ လုပ်ငန်းများဆောင်ရွက်ရန် အတွက်ပြည်ပရောက်မြန်မာနိုင်ငံ သားများက မြန်မာသံရုံးများမှတစ်ဆင့်လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၆,၇၈၁)ကိုယနေ့ နေ့လည်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်တင်ကလာရောက်ပေးအပ်လှူဒါန်းရာ UEHRD ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံအမတ်ကြီး လာရောက်တွေ့ဆုံမှုသတင်း
================================================= ၁၂-၃-၂၀၁၈ နေပြည်တော် ================================================= မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Mohd Haniff Abd Rahman ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား (၁၂-၃-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် ဝန်ကြီးရုံးမေခလာခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် မလေးရှား(၂)နိုင်ငံအကြား ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်မှုများ၊ ငြိမ်းချမ်းစွာ အတူလက်တွဲ ဆောင်ရွက်နေမှုများ၊ မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသား အလုပ်သမားများဆိုင်ရာကိစ္စများ၊ ရွှေ့ပြောင်းလုပ်သားများအား ပြန်လည်ခေါ်ယူနိုင်ရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စများ၊ မြန်မာနိုင်ငံသို့ပြန်လည်ဝင်ရောက်လိုသည့် … Read more
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၃-၂၀၁၈)ရက်နေ့တွင် သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲအားကျင်းပခဲ့ရာ ကျေးရွာနေပြည်သူ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းနှင့် တက်ရောက်လာကြသော ပြည်သူများအား ရေသန့်ဆေးထုပ်များ၊ လက်ကမ်းစာစောင်များ၊ ပိုစတာများနှင့် ဗီနိုင်းများ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၃-၂၀၁၈)ရက်နေ့တွင် သာပေါင်းမြို့နယ်၊ အောင်တပ်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲအားကျင်းပခဲ့ရာ ကျေးရွာနေပြည်သူ (၁၈၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းနှင့် တက်ရောက်လာကြသော ပြည်သူများအား ရေသန့်ဆေးထုပ်များ၊ လက်ကမ်းစာစောင်များ၊ ပိုစတာများနှင့် ဗီနိုင်းများ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ၌ (၁၀-၃-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက် Unicef family Kit (၂၆)မျိုးပါ (၁)ပုံး (၈၂၀၀၀/-)ကျပ်၊ ပလတ်စတစ်ပုံး(၁)ပုံး (၆၁၅၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၈၄၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ(၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ(၁၀၈၄၀၀/-)ကျပ်တို့အား (၁၂-၃-၂၀၁၈)ရက်နေ့တွင် မီးဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









